✽ အပိုင်း ၁၆ ✽

3.8K 92 0
                                    



လွန်ခဲ့သည့် ၁ လကတည်းက ဒုစရိုက်လောကမှ အမြန်ဆုံးရုန်းထွက်လာခဲ့သော နေဟန်မှိုင်းတစ်ယောက် သူ၏ဘဝအသစ်တွင် သမ္မာအာဇီဝကျသောလုပ်ငန်းတစ်ခုလုပ်ကိုင်နိုင်ရန် စီစဥ်နေခဲ့သည်။

အွန်လိုင်းကနေ အင်္ဂလိပ်စာသင်တန်းများနှင့်ကွန်ပျူတာနည်းပညာသင်တန်းများကို အပတ်တကုတ်ကြိုးစားသင်ယူသကဲ့သို့၊ စာဖိုမှူးသင်တန်းတက်၍ အနာဂတ်တွင် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်နိုင်ရန် ကြိုးစားနေသည်။
သူ့မွေ့စံလေးနှင့်အိမ်ထောင်ကျလျှင် ပြည်တွင်းထက် ပြည်ပတွင်နေထိုင်ရန်လည်း စဉ်းစားထား​၏။ ဤသို့ဖြင့် နေဟန်မှိုင်းမှာ ဘဝအသစ်တွင် ကောင်းမွန်စွာ အခြေချနိုင်ရန်အလို့ငှာ ကြိုးစားနေသည်။

' ရွှီး ရှဲ ..... ' (ဒယ်အိုးထဲသို့ထောပတ်ပစ်ထည့်လိုက်သောအခါမြည်လာသည့်အသံ)

နေဟန်မှိုင်းက စဉ်းတီတုံးပေါ်တွင် မုန်လာဥနီများကို နုပ်နုပ်စဉ်းနေခဲ့သည်။ ထို့နောက် ပြောင်းဖူးတစ်ဖူးလုံး၏အစေ့များကို ဓားဖြင့် အတန်းလိုက်လှီးချသည်။ ပြီးလျှင် အသင့်ရေဆေးထားသော ကြက်သားများကို အတုံးလှလှလေးများဖြစ်အောင် ခုတ်ထစ်နေသည်။

ဘေးက ပါဝင်ပစ္စည်းစာရွက်ကိုကြည့်ပြီး စာအုပ်ပါအညွှန်းများအတိုင်း ချက်ပြုတ်နေခြင်းပင်။ ခေါင်းအစခြေအဆုံး စားဖိုမှူးဝတ်စုံအပြည့်ဝတ်ထားသဖြင့် ဒယ်အိုး၏အပူရှိန်နှင့် ဟင်းအငွေ့များကြောင့် နေဟန်မှိုင်းမှာ အနည်းငယ်အိုက်စက်နေပြီး ချွေးပြန်နေလျက်။ သူ့ဘောင်းဘီအိတ်ထဲက လက်ကိုင်ဘဝကိုထုတ်လိုက်ပြီး နဖူးကချွေးများကို သုတ်ဖယ်လိုက်၏။

ခဏအကြာတွင် သင်တန်းဆရာက သူ့အနားသို့ ရောက်လာခဲ့သည်။

" ဟေး ကိုနေကိုဟန်မှိုင်းကတော့ ဓားခုတ်တာ တော်တော်လေး ပါရမီပါသား ... အသားတွေကို လှီးနေတာများ ဇွပ်ခနဲ၊ ရွှတ်ခနဲ၊ တိခနဲနဲ့ မြန်ဆန်ပြီး တယ်မိုက်နေရော၊ မသိရင် professional chef တစ်ယောက်အတိုင်းပဲ "

နေဟန်မှိုင်းက စကားတစ်ခွန်းမှ မတုံ့ပြန်ဘဲ ပြုံးပြခဲ့သည်။ သူသည် တစ်ချိန်က ဓားရည်ထက်သည့်လူသတ်သမားတစ်ယောက်ဖြစ်သလို သေနတ်ပစ်တော်သည့်သူလည်းဖြစ်၏။ များသောအားဖြင့် ဓားအမျိုးအစားအမျိုးမျိုးကိုသာ အသုံးပြုကာ လူသတ်လေ့ရှိခဲ့ပြီး အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ခဲ့ဖူးသည်။ ဤကဲ့သို့ မကောင်းသည့်အရည်အချင်းက ယခုတွင် လွန်စွာအသုံးဝင်နေသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now