✽ အပိုင်း ၂၃ ✽

3.9K 73 0
                                    




ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ကမ္ဘာငယ်တစ်ခုတွင် မြတ်နိုးကြင်နာရသူထံများမှ ချစ်ခြင်းမေတ္တာတရားများ အပြည့်အဝရရှိနေလျှင် နေ့တိုင်းသည် ကံကောင်းပါပေ၏။ ၎င်းကမ္ဘာငယ်သည်လည်း ပန်းပေါင်းစုံဝေဆာ၍ ဥတုရာသီကြည်လင်ကောင်းမွန်နေသည့်အတိုင်းဖြစ်နေလိမ့်မည်။ အချစ်ခံရခြင်းတွင် 'ဘဝအခြေအနေပြည့်စုံသည်၊ မပြည့်စုံသည် ' စသောအခြေအနေများနှင့် လားလားမျှ မသက်ဆိုင်နေပေ။

တစ်နည်းဆိုသော် ချစ်ခြင်းမေတ္တာကို ကိုယ်ပိုင်နည်းလမ်းများဖြင့် တခမ်းတနားပုံဖော်နိုင်သည်။ သစ္စာမယိုင်နဲ့ဘဲ စိတ်ချမ်းသာအောင် တတ်နိုင်သလောက်ဖန်တီးပေးနိုင်သည်က အခမ်းနားဆုံးချစ်ခြင်းမေတ္တာပါပေ။

နေဟန်မှိုင်းသည်လည်း သူ၏အသက်ဓာတ်လေးမွေ့စံကို ခမ်းနားသည်ထက်ပိုသော ချစ်ခြင်းမေတ္တာများစွာကို အကန့်အသတ်မဲ့စွာ ပေးစွမ်းနိုင်ပေသည်။ သူ၏ကမ္ဘာငယ်တွင် သူမသည် ကိုးကွယ်ရာနတ်ဘုရားမတစ်ပါးဖြစ်လျက်။

နေဟန်မှိုင်းနှင့်သိမ်မွေ့စံနွယ်တို့ချစ်သူနှစ်ဦးမှာ မြို့ပြ၏အဝေးတစ်နေရာက ကမ်းခြေတစ်ခုသို့ ခရီးထွက်လာခဲ့ကြသည်။

ဟော်တယ်၏လသာဆောင်တွင်ရှိသော ပက်လက်ကုလားထိုင်ပေါ်တွင် နေဟန်မှိုင်းတစ်ယောက် ကမ်းခြေ၏အလှတရားကို အပြည့်အဝခံစားကြည့်ရှုနေခဲ့သည်။ ရေလှိုင်းလုံးများ အလိမ့်လိမ့်တက်နေသောပင်လယ်ပြင်ကျယ်အား ငေးမောကြည့်နေလျက်။ ထိုစဥ် သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း၏ဘေးနားသို့ ရောက်နေခဲ့သည်။


" ကိုကို "

သိမ်မွေ့စံနွယ်၏ချိုမြသောခေါ်သံလေးက သူ၏နားစည်ထဲသို့ သာယာစွာ ရောက်ရှိသွားလျှင် သူ့မျက်နှာကပြုံးလာပြီး သူမဘက်ကို မျက်နှာမူလိုက်သည်။ ထို့နောက် သိမ်မွေ့စံနွယ်၏လက်ဖယောင်းလေးကို ဆွဲကိုင်လိုက်ပြီးလျှင် သူမကိုယ်လုံးလေးကို သူ့ပေါင်ပေါ်သို့ ထိုင်ချစေသည်။

" ပြော သဲတုန် "

" ဘာတွေတွေးနေတာလဲဟင် "

" မတွေးနေပါဘူး ... ဦးနှောက်ကိုအနားပေးနေတာ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now