11 (Z)

201 9 1
                                    

သိမ်မွေ့စံနွယ်မှာ နှုတ်ခမ်းဆူပုတ်ကာ မျက်မှောင်ကုတ်နေခဲ့သည်။ နေဟန်မှိုင်းလည်း တခစ်ခစ်ရယ်လျက် သူမလေးဘေးနားက ကန်ပေါင်ပေါ်တွင် လက်မောင်းတင်လိုက်ကာ ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။သိမ်မွေ့စံနွယ်လည်း အမြင်ကတ်ကတ်ဖြင့် နေဟန်မှိုင်းဘက်ကို ကန်ထဲကနေ ရေများပက်ခဲ့၏။

ထို့နောက် နေဟန်မှိုင်းမှာ သိမ်မွေ့စံ၏အလှတရားကို တစိမ့်စိမ့်ကြည့်ရှုနေရင်း သူမလေး၏လက်ကလေးကိုကိုင်ခဲ့ပြီးနောက် သူမ၏နှုတ်ခမ်းသားများအား နူးညံ့စွာ စုပ်ယူကာ နမ်းရှိုက်ခဲ့သည်။

ဤကဲ့သို့ မေတ္တာသုခဘုံထဲတွင် ပျော်မွေ့ခဲ့ကြပြီးနောက် နှုတ်ခမ်းချင်း ထိကပ်ထားမှုမှ ခွာခဲ့ကြသည်။ နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏နဖူးလေးကို ထပ်မံနမ်းလိုက်ပြီးနောက် ...

" ရေမြန်မြန်ချိုး ကလေးလေး၊ အဆုတ်အအေးပက်နေမယ် ... ကန်ထဲကထွက်လာရင်လည်း ဖြည်းဖြည်းထွက်လာနော်၊ ချော်လဲမှာစိုးလို့ "

" အွန်းပါ၊ မြန်မြန်ထွက်ပါတော့ ကိုကိုရယ် "

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်အား သတိထားရန် တတွတ်တွတ်မှာကြားခဲ့လျှင် သူမလေးက အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။ မျက်နှာပူပြီး ရှက်သွေးဖြာနေခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ သို့သော်လည်း  သူမအပေါ် သူ​၏အသေးစိတ်ဂရုစိုက်ပေးတတ်ပုံက ပီတိဖြစ်စဖွယ်။

ထို့နောက် သိမ်မွေ့စံနွယ်လည်း ရေကိုအချိန်ဆွဲစိမ်မချိုးတော့ဘဲ ခပ်သွက်သွက်လေးချိုးခဲ့သည်။ ၁၅ မိနစ်အကြာတွင် ရေချိုးခန်းထဲကနေ နေဟန်မှိုင်း​၏အိပ်ခန်းထဲသို့ ဝင်ရောက်လာသည်။ နေဟန်မှိုင်းက ကုတင်ပေါ်တွင် သူ​၏အဝါရောင်ရှပ်အင်္ကျီပွပွတစ်ထည်နှင့်အိမ်နေရင်းဘောင်းဘီအတိုတစ်ထည်ကို ထုတ်ပေးထားသည်။ ထို့အပြင် သိမ်မွေ့စံနွယ်​၏ဘရာစီယာနှင့်အတွင်းခံဘောင်းဘီကိုပါ ရှပ်အင်္ကျီဘေးနားတွင် အဆင်သင့်ထားပေးထားသည်ကိုမြင်လျှင် သူမမျက်လုံးများက အံ့အားသင့်သွားရသည်။

" ဟယ် ဦးနေဟန်မှိုင်းရယ်... ဘယ်လိုတောင် သူများ underwear တွေကို ကိုင်ရဲတာလဲ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now