4 (Z)

335 11 1
                                    

နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်၏လျှပ်တစ်ပြက် အကြင်နာအနမ်းကြောင့် ကြောင်အမ်းအမ်းဖြစ်ပြီးနောက် စားပွဲခုံပေါ်တွင် သူမ ကန်တော့သွားသော ငွေသုံးသိန်းကျန်နေခဲ့သည်ကို တွေ့သွားသည်။

" ကျစ် ... ဒီငစားမလေးကတော့ တကယ်ပါပဲ၊ ဘယ်လိုဟာမလေးလည်း မသိ၊ ငါ့ကိုများ ...တကယ် ... တကယ်စိတ်ရှုပ်လိုက်တာ "

နေဟန်မှိုင်းလည်း သူအနမ်းရခဲ့သောနဖူးကို မသိစိတ်က ညင်သာစွာပွတ်သပ်နေခဲ့ပြီး သိစိတ်ပြန်ဝင်လာသော် ခပ်ကြမ်းကြမ်းပွတ်ပစ်ခဲ့သည်။ သူ့နှလုံးသားတစ်ခုလုံးကို ဗလောင်ဆူစေခဲ့ပြီး သူ တစ်ခါမှ မခံစားဘူးသေးသည့် ရင်ခုန်သံမြန်ဆန်သည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာအောင် လုပ်ခဲ့သောသူမကို မကျေနပ်ဖြစ်မိသကဲ့သို့ အနည်းငယ်ရင်ခုန်ချင်မိသည်။ ထို့နောက် အေးစက်နေသောသူ့နှလုံးသားက တင်္ဒဂအတွင်း သူမကြောင့်နွေးထွေးသွားရသည်ကို နားလည်သွားချိန်၌ သဘောကျစွာ ရယ်မိခဲ့သည်။

" ဒီကလေးမ တကယ်မလွယ်ဘူးပဲ ... ဒါပေမဲ့ ငါ့လိုကောင်နဲ့လာနွယ်ဖို့ မတန်နေဘူး၊ သူ့ပုံစံက ခေတ်ပညာတတ်ပုံစံလေး၊ အသွေးအမွေးကအစ တောက်တောက်ပြောင်ပြောင်နဲ့ အဆင့်တန်းရှိတဲ့အသိုင်းအဝိုင်းထဲကဖြစ်မယ်၊ သူနဲ့ငြိလို့မဖြစ်ချေဘူး "

နေဟန်မှိုင်းက သူတစ်ယောက်တည်း စကားလုံးတွေရေရွတ်နေရင်း မျက်နှာအနည်းငယ်မှိုင်တွေမိသည်။ သူ၏စကားလုံးများကို အတွေးများထဲတွင် ဆက်လက်ပုံဖော်နေမိသည်။

' သူ့ကိုသဘောကျမိပေမဲ့ ... သူကပိုကောင်းတဲ့ယောကျာ်းနဲ့ပဲ သူ့ဘဝကို ဖြတ်သန်းဖို့ ထိုက်တန်ပါတယ်၊ နောက်ထပ်တစ်ကြိမ်တွေ့တဲ့အခါ သူ ခုလိုတွေထပ်လုပ်နေရင် ငါလည်း ရဟန္တာမဟုတ်နေတော့ သူ့အပေါ်မဟုတ်တာလုပ်မိသွားရင် အဆင်မပြေ ... ဆိုတော့ စားကျက်ပြောင်းချိန်တန်ပြီပဲ'

ထိုနေ့မှစ၍ နေဟန်မှိုင်းမှာ ၃ ရက်အတွင်း အိမ်ပြောင်းလဲခဲ့ပြီး ထပ်မံ၍ခြေရာဖျောက်ခဲ့သည်။ ၄ ရက်မြောက်နေ့တွင် သိမ်မွေ့စံနွယ်မှာ သူ့တိုက်ခန်းသို့ ထပ်ရောက်လာခဲ့သည့်အခါ အိမ်ပြောင်းသွားမှန်းသိရသဖြင့် သူ့ဖုန်းနံပါတ်ရလိုရငြား စုံစမ်းခဲ့သော်လည်း မသိခဲ့ရပေ။ သိမ်မွေ့စံနွယ်လည်း စိတ်မကောင်းဖြစ်သွားပြီး အိမ်ပြန်လာခဲ့တော့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now