✽ အပိုင်း ၇ ✽

5K 139 0
                                    



" ကိုယ့်ဘဝမှာ အမေပြီးရင် အချစ်ဆုံးအမျိုးသမီးက မင်းဖြစ်လာလောက်တယ် မွေ့စံ "

သူ့စကားက သိမ်မွေ့စံနွယ်၏နှလုံးသားကို နွေးခနဲဖြစ်သွားစေရုံမက သူမ၏ပါးဖောင်းဖောင်းလေးပေါ်တွင် အပြုံးချိုချိုလေးတစ်ခုပေါ်လာအောင်လည်း ဖန်တီးပေးခဲ့သည်။

" ဖြစ်လာအောင်လုပ်မယ် ... "

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်းကို အပြုံးလေးနှင့်တစိမ့်စိမ့်ကြည့်နေရင်း သူ၏နဖူးထိပ်က ဆံပင်ကောက်ကောက်လေးများကို သူမလက်ကလေးများဖြင့် ကိုင်တွယ်နေပြီး ဆော့နေခဲ့သည်။

" ကိုကို့ဆံပင်က နဂိုကောက်လေးတွေလား "

" အွန်း နဂိုကောက် ... "

" ကောင်းလိုက်တာ ... မွေ့စံတို့မိန်းကလေးတွေလို ဆိုင်မှာသွားပြီး ဆံပင်ကောက်စရာမလိုဘူး "

" ဆံပင်မကောက်ပါနဲ့ ... ခုတောင် မွေ့စံဆံပင်လေးက ဆေးဆိုးထားလို့နေမယ်၊ ဆံပင်အဖျားတွေတော်တော်နာပြီး နှစ်ခွနေပြီ၊ ဆံပင်ကောက်လိုက်ရင် ဆံသားကောင်းတော့မှာ မဟုတ်ဘူး "

နေဟန်မှိုင်း၏လက်များကလည်း သူမလေး၏ရွှေအိုရောင်ဆံနွယ်လေးများကို တစ်မျှင်ချင်း ယုယစွာ ကြည့်ရှုစစ်ဆေးနေခဲ့သည်။ ထို့နောက် အိစက်နေသော သူ့မွေ့စံပါးပြင်လေးကို အနမ်းပေးခဲ့သည်။

" အိမ်ပြန်သင့်နေပြီ ... လူကြီးတွေစိတ်ပူနေမယ်၊ နှစ်ယောက်သား အဆင်ပြေတဲ့အချိန် ထပ်တွေ့ကြတာပေါ့ "

" အယ် ... ဒါနဲ့ ကိုကို့ဘက်က ကတိတည်ရမယ်နော်၊ ဒီနေ့က ရည်းစားစဖြစ်တဲ့နေ့ဆိုတော့ နောက်ပိုင်းကျရင် မွေ့စံတို့ရဲ့anniversary ဖြစ်လာမှာ ကိုကိုမမေ့ရဘူးနော် "

" အွန်း ... မမေ့ဘူး "

နေဟန်မှိုင်းလည်း အသာတကြည် ခေါင်းငြိမ့်လျက် ပါးချိုင့်အနည်းငယ်ပေါ်သည်အထိ ပြုံးခဲ့သည်။ ထို့နောက် သိမ်မွေ့စံနွယ်မှာ သူမ၏ညာဘက်လက်ကောက်ဝတ်တွင် ပတ်ထားသော ပန်းပွင့်ပုံလေးများပါဝင်သည့် နံ့သာရောင်ခေါင်းစည်ကြိုးလေးကို ဖြုတ်လိုက်ကာ နေဟန်မှိုင်း၏ဘယ်ဘက်လက်တွင် ဝတ်ဆင်ပေးခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now