✽ အပိုင်း ၁၇ ✽

4.2K 77 0
                                    


ကမ္ဘာပေါ်ရှိ အရူးနှမ်းဆုံးနှင့်အရက်စက်ဆုံးသောသတ္တဝါမျိုးစိတ်ကိုပြောရပါလျှင် လူသားများသာ။ သူတို့တွင်လည်း အမှန်စင်စစ်မေတ္တာတရားကြီးမားသူများရှိသည်။ သို့သော် ရှားပါးလွန်း၏။

____

ယနေ့ညနေတွင် နေဟန်မှိုင်းက မီးဖိုချောင်၌ စာဖိုမှူးသင်တန်းမှ သင်လာခဲ့သော မုန့်မျိုးစုံလုပ်နှင့်ဟင်းလျာများကို သူကိုယ်တိုင် လက်စွမ်းပြကာ ပြင်ဆင်ချက်ပြုတ်နေသည်။ သိမ်မွေ့စံနွယ်မှာ ဧည့်ခန်းအတွင်းရှိပါကေးကြမ်းပြင်များကို အတန်းလိုက် ဖုန်စုန်စက်ဖြင့် သေချာသန့်ရှင်းရေးလုပ်နေခဲ့လျက်။

​ထိုစဥ် အိမ်ရှေ့စားပွဲခုံပေါ်က နေဟန်မှိုင်း၏ဖုန်းမှာရုတ်တရက် အသံမြည်လာလျှင် သိမ်မွေ့စံနွယ်မှာ ဖုန်စုပ်စက်ကိုခဏပိတ်ပြီး ဖုန်းယူကြည့်လိုက်သည်။ ခေါ်ဆိုသူမှာ သျှန်ဖြစ်၏။ ထို့ကြောင့် သူမလည်း ဖုန်းအား မီးဖိုချောင်ထဲက နေဟန်မှိုင်းဆီ ယူဆောင်သွားပေး၏။

" ကိုကိုရေ ... အစ်ကိုသျှန်ဆီက ဖုန်းလာတယ် "

နေဟန်မှိုင်းက သူ့လက်တွက်ပေကျံနေသောဂျုံမှုန့်များကို သန့်ရှင်းသောလက်သုတ်ပဝါဖြင့်သုတ်လိုက်ကာ သူမလက်ထဲက ဖုန်းကိုယူလိုက်သည်။

" သားကြီး ဘာကိစ္စ "

" မင်းကိုအားနာပေမဲ့ ... အကူအညီတောင်းမှဖြစ်တော့မယ် "

သျှန်၏အသံက သွေးအေးတည်ငြိမ်လွန်းနေသည်။ သို့ရာတွင် သူ၏အသက်ရှူသံမှာ ပုံမှန်ထက်အနည်းငယ်ပြင်းနေဟန်ရှိလျက်။ မောဟိုက်နေပုံပင်။ သျှန့်ဘက်ကစကားဆက်မပြောခင် နေဟန်မှိုင်းမှာ သျှန်၏အသံအနေအထားကို ကြားရုံနှင့် အခြေအနေမဟန်သည့်ပုံဖြစ်မှန်းကို သဘောပေါက်သွားသည်။

" သျှန် မင်းအခုဘယ်မှာလဲ "

" point 65 မှာ"

Point 65 ဟုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် နေဟန်မှိုင်း၏မျက်ခုံးနှစ်ဖက်စလုံး အပေါ်သို့မြောက်တက်သွားလျက်။

A လမ်းမကြီးပေါ်က point 65 ဧရိယာသည် နိုင်ငံ၏သတ်မှတ်ထားသော အနီရောင်ဇုန်ဖြစ်သည်။ ထိုဧရိယာသည် ဂိုဏ်းအဖွဲ့များအများဆုံးစုစည်းမှု၊ ဒုစရိုက်မှုအပေါဆုံးနှင့် ကူးစက်ရောဂါပိုးများအများဆုံးပျံ့နှံအလွယ်ဆုံးသောနေရာဖြစ်သည့်အတွက် နိုင်ငံအတွင်းရှိ Red Danger Zone များထဲမှ နံပါတ် (၁) အန္တရာယ်အရှိဆုံးနေရာတစ်ခုဟူ၍လည်း သတ်မှတ်ခံထားရ၏။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now