✽ အပိုင်း ၅ ✽

6.1K 166 3
                                    



နေဟန်မှိုင်းတစ်ယောက် သိမ်မွေ့စံနွယ်ဆီ သူမ ကန်တော့ခဲ့သည့်ပိုက်ဆံကို ပြန်ပေးဖို့အတွက် အတော်လေးစဥ်းစားခဲ့ရသည်။ နေဟန်မှိုင်းအတွက် လူ-တ်ခြင်းကနေရရှိလာသော ကြေးစားအခငွေများမှာ ထိုဖြူစင်သန့်ရှင်းသည့် ငွေသုံးသိန်းထက် အဆများစွာရရှိနေသူပင်။

မည်သို့ပင်ဆိုစေ သမ္မာအာဇီဝနှင့်ရိုးရိုးသားရှာထားသော အသပြာငွေများမှာ အလွန်နည်းပါးစေကာမူ ကံငါးပါးကိုကျူးလွန်ပြီးမှ ရရှိလာသောငွေများထက်စာလျှင် အလွန်အမင်းတန်ဖိုးရှိသည်ကို နေဟန်မှိုင်းက ကောင်းစွာနားလည်သဘောပေါက်ထား၏။

​သူငယ်စဥ်အခါက သူ၏မိဘနှစ်ပါးသည် ဦးလေးဖြစ်သူနှင့် စကားများရန်ဖြစ်ကြရာမှ ဦးလေးဖြစ်သူဘက်ကနေ ဒေါသဖြင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် အနိဋ္ဌာရုံမြင်ကွင်းတစ်ခုအား မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ ထို့နောက် ဦးလေးဖြစ်သူကိုကြောက်သဖြင့် အိမ်မှထွက်ပြေးခဲ့လေသည်။

ဦးလေးဖြစ်သူက သူထောင်ကျမည်စိုးသဖြင့် ပီပီပြင်ပြင် လုပ်ကြံဇာတ်လမ်းဆင်ထားသည့်အလီဘိုင်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် သံသယရှိခြင်းမခံခဲ့ရပေ။

တစ်ပတ်အကြာတွင် နေဟန်မှိုင်းက သူကြိုတင်ပြင်ဆင်ထားသကဲ့သို့ ထိုဦးလေးအပါအဝင် တစ်မိသားစုလုံးအိပ်မောကျနေချိန် ည ၂ နာရီ၌ နေအိမ်ပတ်လည်ကို ဓာတ်ဆီများလောင်းပြီး မီးရှို့ခဲ့သည်။ သူ၏လုပ်ရပ်ကိုလည်း သက်ဆိုင်ရာများထံ ဝန်ခံထွက်ဆိုခဲ့သည်။ ဤသို့ဖြင့် လူငယ်ပြုပြင်ရေးစခန်းဆီသို့ ၁၀ နှစ်သားအရွယ်လေးနှင့်ရောက်ရှိလာခဲ့ပြီး နိုင်ငံ၏အသက်ငယ်ဆုံး လူ-တ်သမားလေးဖြစ်ခဲ့သည်။

ထိုကဲ့သို့ အိမ်မက်ဆိုးများမမက်ခင်ကာလအထိ သူသည် ပညာရေးထူးချွန်ထက်မြက်ပြီး လိမ္မာယဉ်ကျေးသောကလေးတစ်ယောက်ဖြစ်ခဲ့သလို မိဘများနှင့်နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ရသော ကလေးတစ်ယောက်သာ။

ကံကြမ္မာစေလိုရာအတိုင်း အသက်အငယ်ဆုံးလူသတ်သမားဖြစ်လာခဲ့ချိန်မှစ၍ သူသည်အေးစက်ပြီး ကြောက်စရာကောင်းသောနတ်ဆိုးတစ်ကောင်အနေနှင့် ရှင်သန်လာခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Donde viven las historias. Descúbrelo ahora