✽ အပိုင်း ၂ ✽

8.9K 243 2
                                    



၈ နှစ်ကျော်ကြာသွားသည့်တိုင်အောင် သိမ်မွေ့စံနွယ်၏နှလုံးအိမ်အတွင်း၌ နေဟန်မှိုင်းဟူသော လူတစ်ယောက်က အပြီးတိုင်နေရာယူထားခဲ့သည်။

နေ့စဥ်နှင့်အမျှ မြတ်ဘုရားထံတွင်လည်း ထိုဦးနေဟန်မှိုင်းနှင့် ဆုံစည်းနိုင်ဖို့အရေး သိမ်မွေ့စံနွယ်အရေးဆိုသကဲ့သို့ ဘုရားရှင် နားတော်ညဥ်းသည်အထိ ဝတ်ပြုဆုတောင်းနေခဲ့သည်။ အိမ်မက်များထဲထိပင် ထိုကယ်တင်ရှင် ဦးနေဟန်မှိုင်းနှင့်ပြန်တွေ့ရသည်ဟူ၍ မကြာခဏ အိမ်မက်မက်လေ့ရှိပေသည်။

သူမ၏ဦးလေးလင်မယားနှင့်အဒေါ်အပျိုကြီးကိုလည်း ဦးနေဟန်မှိုင်းနှင့်တွေ့ချင်ကြောင်း ၈ နှစ်ကျော်အတွင်း နေ့စဥ်ရက်ဆက် နားပူနားဆာလုပ်ကာ ဂျီကျလေ့ရှိခဲ့၏။ ယခုတွင်လည်း မီးပူတိုက်နေသော သူမ၏ဒေါ်လေး ဥမ္မာအနားတွင် ထိုင်နေကာ ငေးမောနေခဲ့သည်။

" ဘုရားမှာ ဒီလောက်ထိ နှစ်တွေကြာအောင် ဆုတောင်းနေလည်းပဲ ဘာဖြစ်လို့ အခုထက်ထိဦးနေဟန်မှိုင်းနဲ့ ပြန်မတွေ့နိုင်သေးတာလဲဟင် "

" ညဥ်းအေ ... ဆုတောင်းတွေဆ်ိုတာ လောဘ မောဟတွေပါတတ်တယ်၊ ဘယ်ဘာသာရဲ့ဘုရားတွေဆီမှာ ဘယ်လောက်ဆုတောင်းနေပါစေ၊ ပြည့်ချိန်တန်ရင်လည်း ချက်ချင်းတန်းပြည့်တယ်၊ မပြည့်ချိန်တန်ရင်လည်း သေတဲ့အထိမပြည့်ဘူးကွယ့်၊ ဒေါ်လေးပြောချင်တာက ဘုရားကို ကိုယ်လိုချင်တာချည်းပဲ အမြဲဆုမတောင်းနေပါနဲ့ ... အဲဒီအစား ကိုယ့်ဘဝမှာ ဒုက္ခအခက်အခဲတွေကြုံလာရင် အကောင်းဆုံးရှင်သန်န်ိုင်ဖို့ တပည့်တော်ကို လမ်းပြပေးပါလို့ပဲ ပြောသင့်တယ်"

သိမ်မွေ့စံနွယ်လည်း သူမဒေါ်လေးစကားကြောင့် မျက်နှာလေးမှိုင်သွားသည်။

" သမီး ဆုတောင်းက များများစားစားမရှိခဲ့ပါဘူး ဒေါ်လေးရယ်၊ ဦးနေဟန်မှိုင်းနဲ့ပြန်တွေ့ရဖို့ကိုပဲ အမြဲတမ်းဆုတောင်းနေခဲ့တာပါ၊ တွေ့တဲ့အချိန် ကျေးဇူးဆပ်ချင်တယ်၊ ငယ်ငယ်ကမပြောတတ်ခဲ့လို့ မပြောလိုက်ရတဲ့ ကျေးဇူးတင်စကားတွေ ပြောချင်တယ် ... ဒီလိုကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ပဲ ဘုရားရှင်ဆီ နေ့တိုင်းဆုတောင်းတာပါ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now