✽ အပိုင်း ၃ ✽

7.7K 216 8
                                    



သိမ်မွေ့စံနွယ်၏အော်သံကြောင့် လမ်းသွားလမ်းလာများမှာ သူမနှင့်နေဟန်မှ်ိုင်းကို 'ဘာလားဟ' ဟူသောအကြည့်များဖြင့် စွေစောင်းကြည့်သွားကြသည်။ နေဟန်မှိုင်းမှာ မျက်နှာထားတင်းသွားပြီး နှုတ်ခမ်းအနည်းငယ်ကိုက်ကာ သက်ပြင်းချလိုက်၏ ။

" ဟူး ... လူမှားနေတယ်ပြောနေရင် တော်လိုက်ပေါ့ မိန်းကလေး၊ မင်း ကိုယ့်နောက်ကို ဆက်မလိုက်လာနဲ့ "

နေဟန်မှိုင်းက အသံနက်နက်ဖြင့် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။ သူ့အသံထဲက အေးစက်ခါးသက်မှုများကို သိမ်မွေ့စံနွယ်၏နှလုံးသားက အလိုလိုခံစားမိနေသည်။

" ဆက်လိုက်လာရင် ငါမင်းကို ငရဲမင်းဆီ ပို့ပေးမယ်"

နေဟန်မှိုင်း၏အေးစက်စက်စကားလုံးများက သိမ်မွေ့စံနွယ်အတွက် တဒင်္ဂအခိုက်အတန့်တစ်ခုမှာ နှလုံးသားမှာမီးပွားအသေးစားလေး ဖိတ်စင်သွားသယောင်။

နေဟန်မှ်ိုင်းက သူမကိုကျောခိုင်းပြီး ရှေ့ဆက်လျှောက်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ထင်မိသည်က သူ့ပြောစကားကြောင့် သူမဆက်လိုက်လာမည်မဟုတ်မှန်းကို။ သို့ပေမဲ့ သိမ်မွေ့စံနွယ်က ဇွဲမလျော့ပေ။ နေဟန်မှိုင်းနောက်သို့ ဆက်လိုက်သွားသည်။ နေဟန်မှိုင်းမှာ သူမလိုက်လာသည့်အငွေ့အသက်ကို သတိထားခံစားမိပြီး လမ်းမြန်မြန်လျှောက်သည်။

သူ့စိတ်ထဲတွင် ဤသို့အခဲမကျေတွေးမိသည်။

' သူကဘာဖြစ်ချင်နေတာလဲ။ ဒီခေတ်ကလေးတွေက အကြောက်အလန့်မရှိ တော်တော်အကြောတင်းကြတာပဲ။ ဒီလောက်နှစ်တွေကြာသွားတာတောင် ငါ့အခွက်နဲ့အသံကို သူဘယ်လိုမှတ်မိနေတာလည်း မသိ။ တကယ့်ငစားမလေး ... "

လမ်းတစ်ဝက်က နောက်ဖေးလမ်းကြားတစ်ခုကို နေဟန်မှိုင်းမြင်လျှင် ထိုလမ်းကြားထဲသို့ အမြန်ဝင်သွား၏။ သိမ်မွေ့စံနွယ်လည်း အမြန်လမ်းလျှောက်ပြီး လိုက်ဝင်သွားသည်။ ထိုစဥ် နေဟန်မှိုင်းက သူမလက်ကို အားဖြင့်ဖမ်းဆုပ်ကိုင်လိုက်ပြီးနောက် နံရံဘက်သို့ သူမ၏ကျောပြင်ကို ထိကပ်ထားခဲ့သည်။

သိမ်မွေ့စံနွယ်လည်း တစ်ကိုယ်လုံးအသားများတုန်တက်သွားပြီး ရင်တဒိတ်ဒိတ်ဖြစ်သွားလျက် နေဟန်မှိုင်းကို မျက်လုံးအပြူးသားလေးနှင့်ကြည့်နေမိခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် သူမလည်စေ့ကနေ တံတွေးလုံးကို ဖြည်းဖြည်းချင်း မျိုချလိုက်၏။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//जहाँ कहानियाँ रहती हैं। अभी खोजें