✽ အပိုင်း ၆ ✽

5.8K 155 6
                                    



ဒုတိယအကြိမ် သူမလေးဆီက ထပ်မံ၍နမ်းခံရပြီးနောက် ရေခဲတောင်နှင့်တူခဲ့သောသူ့နှလုံးသားတစ်ခုလုံးက အရည်ပျော်ပျက်စီးသွားလျက်။ ရှက်သွေးဖြာလာကာ ဘေးဘက်သို့ မျက်နှာလွှဲထားသည်။

ထို့နောက် မချဥ်မပြုံးဖြင့်'ဦးက အချစ်ခံရဖို့ ထိုက်တန်တဲ့ကလေးကြီးတစ်ယောက်ပါနော်' ဟူသော စကားတစ်ခွန်းလုံးအား ပြန်ကြားယောင်ခဲ့ပြီး သဘောကျရင်း သိမ်မွေ့စံနွယ်မမြင်အောင် မျက်နှာလွှဲထားကာ ခိုးပြုံးနေခဲ့သည်။ လက်သီးဆုပ်ထားပြီးတုန်ယင်နေသောလက်များလည်း သိမ်မွေ့စံနွယ်၏လက်ဖဝါးနုနုလေးများအုပ်မိုးထားမှုအောက်တွင် ပြေလျော့သွားသည်။

" မိန်းကလေး မင်းက ဘာလေးလဲ ... အမြဲတမ်းအေးဆေးပြီး ရက်စက်နေတဲ့ ငါ့လိုကောင်ကို နူးညံ့ချင်လာအောင် တော်ကီတွေရေလည်ခြွေနေတယ် "

" ဦးရဲ့ပင်ကိုယ်စိတ်စရိုက်က နူးညံ့ပြီးသနားကြင်နာတတ်တဲ့ပုံပါ၊ ဘဝအခြေအနေတွေကြောင့်မို့ အေးစက်ခက်ထန်နေတာဖြစ်မယ် "

သိမ်မွေ့စံနွယ်က သူမ၏ပါးပြင်ကို နေဟန်မှိုင်း၏လက်ဖဝါးနှင့်ထိကပ်စေခဲ့သည်။ သူမလေး၏အပြုအမူများကြောင့် နေဟန်မှိုင်းမှာ မျက်နှာပူပြီး နေရခက်လာသည်။

သူလည်း သူမကို အမှန်တကယ် သဘောကျနေပါသည်။ သူမ၏အကြင်နာစကားလုံးများသာမက ယခုလိုတယုတယထိတွေ့မှုလေးများကိုလည်း နှစ်သက်မိနေပြီး သူမဆီက အနမ်းလေးများကိုလည်း အလွန်တရာသဘောကျ မြတ်နိုးမိပါသည်။

သို့သော် ဘဝနောက်ကြောင်းမရှင်းသော သူ့အနေဖြင့် သူမလေး၏ဘဝထဲသို့ မဝင်ရောက်လိုသည်က အဓိကပြဿနာပင်။

အပြုံးတစ်ခုကိုပန်ဆင်ပြီးနောက်တွင် နေဟန်မှိုင်း၏နှာခေါင်းထဲမှ လေလုံးများ ရှူးခနဲထွက်လာခဲ့သည်။

" မင်း ကိုယ့်ကို တဦးဦးနဲ့ခေါ်နေတာ ... ကိုယ့်အသက်က အခုမှ ၃၂ ပဲရှိသေးတယ်၊ အရမ်းအိုနေလို့လား ... ဦးလို့တပ်ခေါ်ရအောင်လေ "

" အယ် ... ဟုတ်ပါဘူး၊ ငယ်ငယ်တုန်းက ဦးလို့ခေါ်ခဲ့ပြီးကတည်းက ခုပြန်တွေ့တော့လည်း လေးစားသမှုနဲ့ ဦးလို့ခေါ်တာပါ၊ မကြိုက်ရင် အခေါ်အဝေါ်ပြောင်းပေးမယ်လေ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now