✽ အပိုင်း ၁၂ ✽

4.1K 95 0
                                    


နေဟန်မှိုင်းက ဆေးရုံကို ကားအမြန်မောင်းလာပြီးနောက် သိမ်မွေ့စံနွယ်ရှိရာလူနာအခန်းသို့ အပြေးအလွှားရောက်ရှိလာသည်။

-----

သိမ်မွေ့စံနွယ်နှင့်အဆက်အသွယ်ပြတ်နေသောကာလများတွင် စုံထောက်တစ်ယောက်၏ခြေရာခံလိုက်မှုမှ ကင်းဝေးစေရန် အမြန်ဆုံးအိမ်ပြောင်းရွှေ့ခဲ့သည်။

ထို့အပြင် သူ၏ငယ်သူငယ်ချင်းလည်းဖြစ်၊ သူ့ကဲ့သို့ လူသတ်သမားလည်းဖြစ်သည့်သူငယ်ချင်းကနေ အားချင်းအကူအညီတောင်းလာမှုကြောင့် နယ်စပ်ကနေ ပြည်ပသို့ အရေးပေါ်ခရီးထွက်ခဲ့ရသေးသည်။

စာရေးဆရာလည်းဖြစ်၊ ကွင်းဆက်လူသတ်သမားလည်းဖြစ်သူ သျှန်ဟူသော ထိုသူငယ်ချင်းနှင့် ကွင်းဆက်လူသတ်မှုများကို ကျူးလွန်ခဲ့သည်။ သျှန်က နာမည်ကြီး၍ချမ်းသာသည်။ သို့သော် နေဟန်မှိုင်းထက် ၅ဆလောက် ပို၍သွေးအေးပြီး ကြောက်ဖို့ကောင်းသည့်လူသားတစ်ဦးဖြစ်လျက်။ လူသတ်သည့်အလုပ်က သူ့အတွက်အပျော်တမ်းအလုပ်တစ်ခုကဲ့သို့ပင်။

သျှန်က သူ၏Gayမွေးစားဖခင်ကနေ သက်ငယ်မုဒိမ်းကျင့်ခြင်းကိုအကြိမ်ကြိမ်ခံစားခဲ့ရပြီးနောက် သူအရွယ်ရောက်လျှင် ထိုမွေးစားဖခင်အား နာကျည်းမှုဖြင့် အကွက်ချစီစဥ်ကာ သတ်ဖြတ်ပစ်ခဲ့သည်။ အလောင်းအား သေသပ်စွာ လက်ရာဖျောက်ပစ်ခဲ့ပြီးနောက် သံသယမဝင်ခံခဲ့ရဘဲ Gayမွေးစားဖခင်၏အမွေအားလုံးကို သူတစ်ယောက်တည်းအပိုင်စားရသွားခဲ့သည်။ မွေးစားဖခင်အမည်ခံသာရှိပြီး တကယ်တမ်းတွင်မူ Gayမုဒိမ်းကောင်ပင်။

သျှန်နှင့်နေဟန်မှိုင်းက အင်္ဂလိပ်ကျောင်းတွင် တစ်ခန်းတည်းသားချင်း အခင်ဆုံးဘော်ဒါများဖြစ်ခဲ့ကြသည်။ ငှက်အော်ဆန်းသို့ ရောက်သွားသော နေဟန်မှိုင်းအကြောင်းကိုကြားခဲ့ရချိန်တွင်လည်း သူငယ်ချင်းဖြစ်သူအတွက် လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ သူငယ်ချင်းဖြစ်သူနှင့်တွေ့ဆုံခွင့်ရဖို့အရေးအမျိုးမျိုးကြိုးစားခဲ့သော်လည်း မွေးစားဖခင်မှ နေဟန်မှိုင်းကို သွားတွေ့ရန် သဘောမတူခဲ့ပေ။

ထိုနောက်ပိုင်းတွင် သျှန်က နေဟန်မှိုင်းနှင့်နှစ်အတော်ကြာအောင် ဝေးကွာသွားသည်။ တစ်နေ့ သျှန်ထိုင်နေကျ ဘားတစ်ခုသို့ နေဟန်မှိုင်းရောက်လာခဲ့သည့်အခါ သူငယ်ချင်းနှစ်ဦးပြန်ဆုံခဲ့ကြသည်။ တစ်ယောက်ဘဝအကြောင်း တစ်ယောက်ဖလှယ်ခဲ့ကြရာမှ သျှန်လည်း နေဟန်မှိုင်း၏အလုပ်ကိစ္စများကို ကူညီပေးလေ့ရှိခဲ့သည်။ သူငယ်ချင်းဖြစ်သူ လူသတ်ဖို့မအားလျှင် သူကိုယ်တိုင်သွားသတ်ပေးသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Donde viven las historias. Descúbrelo ahora