✽ အပိုင်း ၂၂ ✽

8.9K 100 2
                                    


ညမီးရောင်စုံများဖြင့် ပေါ်လွင်ထင်ရှားစွာ လှပနေသည့်အဆောက်အအုံမှာ ကြယ် ငါးပွင့်ဟော်တယ်တစ်ခုဖြစ်သည်။ ထို အဆောက်အအုံအတွင်းတွင်မူ ခမ်းနားထည်ဝါလှသည့် Chandelier ရွှေရောင်၊ငွေရောင်၊ သက်တန့်ရောင်စုံများက တလက်လက်၊ တဖျတ်ဖျတ်နှင့် ရတနာများဆင်ယင်ထားသကဲ့သို့ တောက်ပနေသည်။

နံရံများတွင် ချိတ်ဆွဲထားသည့် လက်ရာမြောက်လှသည့် ဆေးရေးပန်းချီကားချပ်များကလည်း အသက်ဝင်သယောင် တည်ရှိနေသည်။

ကာစီနိုကစားဝိုင်းတစ်ခုတွင် နိုင်ငံတကာလူမျိုးခြားပေါင်းစုံက Dealer များနှင့်ကစားနေကြပြီး အော်ဟစ်ဆူညံနေခဲ့ကြသည်။ ဤတွင် သျှန်လည်း ဘရဏီလေးကို ခေါ်ဆောင်လာကာ ဝင်ရောက်ကစားနေခဲ့သည်။

လောင်းကစားဆိုသည့်အတိုင်း နိုင်လျှင်လည်း အမြတ်ငွေများစွာရရှိသလို၊ ရှုံးလျှင်လည်း အဆမတန်လျော်ရသည်။ ယခု ကာစီနိုကစားဝိုင်းသည် နိုင်ငံတကာမှ လူကုံထံများကစားနေသည့်အလျောက် အလျော်အစားများမှာ အမေရိကန်ဒေါ်လာသန်းချီထိရှိသည်။

ရွှေအစစ်ဖြင့် ပြုလုပ်ထားသဖြင့် တဖိတ်ဖိတ်တောက်ပနေသည့် မျက်မှန်ကိုင်းအတွင်းမှ သျှန်၏အညိုရောင်မျက်ကပ်မှန်များမှာ ဝင်းလက်နေခဲ့သည်။ သျှန်က ရုတ်တရက်ကြည့်လျှင် နေဟန်မှိုင်း၏မျက်နှာပေါက်နှင့်ခပ်ဆင်ဆင်ဖြစ်သည်။ နေဟန်မှိုင်းကလည်း တစ်ခါတစ်ရံ ရုပ်ဖျက်လျှင် မျက်မှန်တပ်တတ်သည့်အတွက် နှစ်ယောက်စလုံး မျက်မှန်တပ်ထားပါက ညီအစ်ကိုများကဲ့သို့ ထင်ရသည်။ သို့သော် နေဟန်မှိုင်းက နဂိုဆံပင်အကောက်ဖြစ်ပြီး သျှန်ကဆံပင်ဖြောင့်သည်။

ရုတ်တရက် ကြည့်လျှင် ရုပ်ဆင်သည်ထင်ရသော်လည်း သေချာကြည့်လျှင် မျက်ခုံး၊ မျက်လုံး၊ မျက်နှာဖွဲ့စည်းပုံများက မဆင်တူနေပေ။

နေဟန်မှိုင်း၏မျက်နှာပေါက်က ယောကျာ်းအလွန်ပီသပြီး ကြမ်းတမ်းသည့်ပုံစံပေါက်သည်။ရုပ်ရည်ချောမောပြီး အနည်းငယ်ကြောက်စရာကောင်းသည်။ အသားရည်က ရွှေဝါရောင်ကဲ့ ဝင်းဝါလှပသည်။ မျက်လုံးကျယ်သည်။ အသံကမူ ဟိန်းထွက် သြရှပြီး ကြည်လင်သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now