✽ အပိုင်း ၂၀ ✽

3.7K 76 0
                                    

ရွှေဘုံဖျားမှာ အမြဲစံနန်းခဲ့ရတဲ့ရွှေမင်းသားလေးတစ်ပါးကနေ သူဖုန်းစားဘဝရောက်သွားနိုင်တဲ့ နေ့ချင်းညချင်းလောကကြီးပေါ့။ ဘယ်အရာမှမမြဲတဲ့ ဒီမျက်လှည့်လောကကြီးမှာ လူအများစုက ချီးတွင်းထဲပျော်နေကြတဲ့လောက်ကောင်တွေအတိုင်းပဲ။ မနာလ်ိုမုန်းထားမှုတွေ၊ အပြိုင်အဆိုင်တွေ၊ အယောင်ဆောင်ပျော်ရွှင်မှုတွေစသဖြင့်လောဘ၊မောဟ၊ဒေါသတွေ အတောမသတ်နိုင်တဲ့ ဒီကမ္ဘာ....။

မွေးကတည်းက ရတနာစိန်ကျောက် ဇယ်တောက်ကစားလာခဲ့ရတဲ့မင်းသားလေးတစ်ပါးရှိတယ်။ သူ့နာမည်က တေဇောခလို့ အမည်တွင်သတဲ့။ မင်းသားလေးဖြတ်သန်းတဲ့နေ့ရင်တိုင်းက ရွှေရောင်လေးတွေ အမြဲလိုလိုလွှမ်းနေခဲ့တာပေါ့။ ဒီကမ္ဘာကြီးကို သူ့အနေနဲ့အကြင်နာတရားတွေပြည့်နေပြီး ကိုယ်ချင်းစာတရားတွေ၊ မေတ္တာတရားတွေနဲ့ပြည့်နေခဲ့တယ်လို့ အတွေးကောင်းလေးတွေ ဝင်ခဲ့ဖူးတယ်။

ပန်းခင်းလမ်းပေါ်အမြဲလျှောက်နေရတဲ့မင်းသားလေးကိုး။ သူ့အနေနဲ့ ကမ္ဘာကြီးကို ချစ်စရာကောင်းတယ်လို့ပဲ မြင်မိတာမဆန်းပါဘူး။

ဒါပေမဲ့ သူဘယ်တုန်းကမှ မမျှော်လင့်မ်ိခဲ့ဘူး။ ရွှေဇွန်းငွေဇွန်းကိုင်နေရတဲ့လက်တွေကနေ သွေးစွန်းနေတဲ့လူသတ်လက်နက်တွေ ကိုင်ဆောင်ရလိမ့်မယ်မှန်းလေ။

သူချစ်တဲ့မိဘနှစ်ပါးကို သွေးရင်းဦးလေးကနေ ငှက်ကလေး၊ကြက်ကလေးလို ရက်ရက်စက်စက် သတ်ဖြတ်တဲ့မြင်ကွင်းကိုမြင်လိုက်ရပြီးနောက်မှာတော့ ရွှေမင်းသားလေးရဲ့အတွေးအမြင်အားလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တယ်။

ကမ္ဘာကြီးက ယုံကြည်စွာကျောခိုင်းထားတဲ့ ကိုယ့်နောက်ကျောကို သွေးရင်းသားရင်းတွေ၊ အယုံကြည်ရဆုံးသူစိမ်းတွေကနေ အချိန်မရွေးအလဲထိုးသတ်နိုင်တယ်ဆိုတာကို မင်းသားလေးတစ်ယောက်သိရှိသွားတယ်။

နန်းကျမင်းသားလေးဖြစ်သွားတဲ့ တေဇောခတစ်ယောက် လမ်းဘေးက သူများစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်တွေကိုလည်း ပြေးတုန်းလွှားတုန်းမှာ အငမ်းမရစားခဲ့ရဖူးတယ်။ ဘာမှစားစရာမရှိလို့ လမ်းဘေးခွေးတွေနဲ့အတူ ဗိုက်မှောက်အိပ်ခဲ့ရသလို အဲဒီခွေးလေးတွေရှာပေးလာတဲ့အစာတွေကိုလည်း မျှစားရဖူးတယ်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now