[ ZAWGYI ]
" မင်းဘယ်မှာလဲ နွမ်း "
တစ်ဖက်ကအသံက စိတ်ဆိုးနေတာလည်းမဟုတ်သလို လောနေတဲ့အသံလည်းမဟုတ်။တည်တည်ကြည်ကြည်ဖြစ်ပြီး အလေးအနက်မေးနေတဲ့အသံမျိုးဖြစ်တာကြောင့် နွမ်းမြတ်သာ မှာ ခပ်ရေးရေးပြုံးရင်း မွေ့ရာပေါ်ကနေ ဆင်းကာ မှန်များကာရံထားသော ပြူတင်းပေါက်နားကို လျောက်သွားလိုက်သည်။
"ကျွန်တော် ဘယ်မှမသွားပါဘူး ဒါလင် ၊ ဒီတိုင်း တစ်ယောက်တည်းအပန်းဖြေနေရုံတင်ပါ "
"မနက်ဖြန် ကိုယ်တို့ Anniversary ဆိုတာရော သတိရသေးလား? "
ထိုစကားကို နွမ်းမြတ်သာ မှာ ခပ်ရေးရေးလေး ပြုံးလျက် အဖြူရောင် လိုက်ကာစလေးလေးကို အသာလှပ်ရင်း အပြင်ဘက်ကိုငေးကြည့်၏။
"ကျွန်တော်မေ့နေတယ်လို့ ဒါလင်ကထင်နေတာလား ? "
"ကိုယ်မေးကြည့်တာနွမ်း ၊ နွမ်းအလုပ်ရှုပ်နေလို့ မေ့များမေ့နေသလားလို့ ? "
"မမေ့ပါဘူး ၊ ကျွန်တော်သတိရပါတယ်၊ဒါပေမဲ့ ကျွန်တော် ဒါလင့်ဆီကို လာနိုင်မှာမဟုတ်ဘူး "
"ကိုယ်မင်းဆီကိုလာခဲ့မယ် "
"ဖြစ်လို့လား ဒါလင်က အရမ်းအလုပ်ရှုပ်နေတယ်ဆို "
"ကိုယ်ရအောင်လုပ်ပေးမယ် နွမ်းသာအေးအေးဆေးဆေးနေပါ "
နွမ်း မှာ ခပ်ရေးရေးပြုံးပြီး ဖုန်းကိုသာ နားနားကပ်လို့ သဘောကျနေတော့သည်။
"ဒါလင်က သိပ်နားလည်တတ်တယ် "
"နွမ်း အေးအေးဆေးဆေးနားပါ ကိုယ်မနှောက်ယှက်တော့ပါဘူး "
"ကျေးဇူးပါ ဒါလင် "
ဖုန်းချပြီးသွားသည့်နောက်မှာတော့ နွမ်းမှာ ပြုံးလက်စအပြုံးတွေကို တဖြည်းဖြည်းချင်းဖယ်ရှားကာ မျက်ဝန်းတွေကို မှိတ်ချပစ်လိုက်သည်။
မှန်တွေကိုဖြတ်လို့ အပြင်ကိုလှမ်းမြင်နေရတဲ့ ပင်လယ်ကြီးက နွမ်းရဲ့စိတ်ကို အေးချမ်းအောင်လုပ်ပေးနေသလိုမို့ မတည်ငြိမ်တဲ့စိတ်တွေက တဖြည်းဖြည်းချင်း အေးချမ်းသွားကာ ပြန်ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ လှုပ်ရှားနေတဲ့ လှိုင်းတွေက တလိပ်လိပ်တက်လာပြီး ရေကစားနေကြသည်။