PART [ 31 ]

1.4K 169 10
                                    

[ Zawgyi ]
 
လက်ထပ်မည့်အကြောင်းကို အသိပေးလိုက်သည်နှင့် ဒါလင်က အရင်ကထက်ပိုတတ်ကြွနေကာ နွမ်းကိုလည်းပိုပြီးဂရုစိုက်လာသည်။

ကြည့်ရသလောက် သူစိတ်ပြောင်းသွားမှာကို စိုးရိမ်နေပုံရပြီး သတင်းကြားရသလောက် လက်ထပ်ရန်အတွက် အားလုံးစီစဉ်နေသည်ကိုလည်း ကြားနေရသည်။

တကယ်ဆို နွမ်းလည်းသေချာဆုံးဖြတ်ပြီးမှ ပြောလိုက်တာကြောင့် ရုတ်သိမ်းရန်စိတ်ကူးမရှိ။နှစ်ပေါင်းများစွာတိုင်အောင် စိတ်ရှည်သည်းခံကာစောင့်ဆိုင်းပေးခဲ့သော ဒါလင်ကိုလည်း အားနာတာရော ချစ်တာကြောင့် လက်ထပ်ရန်အတွက် လက်ခံခဲ့ခြင်းပင်။

"တစ်ခုခုဆိုရင် ဖုန်းဆက်လိုက်"

"ကျွန်တော်သိပါတယ် အလုပ်ကိုပဲဖြောင့်ဖြောင့်သွားပါ"

"ခြံထဲကိုဆင်းရင် လက်ရှည်ဝတ်ပြီးမှဆင်း"

"သိပါတယ်ဆို ဒါလင်ရယ်"

Necktie ကိုအသေအချာချည်ပေးပြီးနောက် အဆင်သင့်ထုတ်ထားပြီးသော ကုတ်ကိုထပ်ဝတ်ပေးကာ ဒါလင်နှင့်အတူ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ကားနားထိလိုက်ပို့ပြီးနောက်မှာတော့ ဒါလင်ကအိမ်ထဲဝင်ရန်ဆိုကာ နွမ်းပခုံးကိုလည် ခပ်ဖွဖွလေးဆုပ်ကိုင်သွားသေးသည်။

ကားထွက်သွားပြီးမှ နွမ်းလည်း အိမ်ထဲသို့ပြန်ဝင်လာလိုက်သည်။ အိပ်ခန်းထဲမှာပဲ အနားယူရသည်မှာ ရက်အတန်ကြာနေပြီမို့ ငြ်ီးငွေ့တာကြောင့် အနားယူနေကျ အခန်းထဲသို့ ဝင်လာရာ မချိုရီနှင့် ဆုံတော့သည်။

သူမက အလုပ်သမားမိန်းကလေးများအားေူချာရှင်းလင်းရန် ပြောနေပြီး နွမ်းကိုမြင်သည်နှင့် သဘောတကျပြုံးကာ အနားရောက်လာတော့သည်။

"နေကောင်းသွားပြီလားမောင်လေး"

"သက်သာသွားပါပြီမချိုရီ ။ ရက်လဲကြာပြီဆိုတော့ အတော်လေးသက်သာပါတယ်"

"ကိုခံ့ညားဆီကနေ သတင်းကြားရတယ် ။ မောင်လေးတို့လက်ထပ်ကြတော့မယ်ဆို"

"ဟုတ်တယ် ။ အရင်က မချိုရီပြောဖူးတယ်မလား အသက်တွေလဲ ငယ်တော့တာမဟုတ်တော့ လက်ထပ်ကြမလားလို့"

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now