PART [ 36 ]

1.7K 184 5
                                    

[ Zawgyi ]
 
ငယ်ငယ်ရွယ်ရွယ် ကလေးဘဝကတည်းက နွမ်းက အတော်လေးချစ်စရာကောင်းသည်။ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းပါးပါးလေးနဲ့ အရုပ်လေးလို ဖြူဖွေးနေသော နွမ်းက ခံ့ညားမြင်ဖူးသမျှ ကလေးအားလုံးထဲ၌ ချစ်စရာအကောင်းဆုံးလည်းဖြစ်သည်။

တခြားကလေးတွေနဲ့မတူဘဲ ခပ်သွက်သွက်ကလေးရှိသလို ဉာဏ်ကောင်းလွန်းတဲ့ နွမ်းက ခံ့ညားရဲ့ ထိုင်းမှိုင်းနေသော ခံစားချက်များကို ပျော်ရွှင်အောင် လုပ်ပေးနိုင်စွမ်းရှိသူတစ်ယောက်။

ခံ့ညားမိဘတွေက သူဆယ်ကျော်သက်မှာတင် မတော်တဆမှုဖြင့် ဆုံးပါးသွားတာကြောင့် အစ်ကိုဝမ်းကွဲတော်စပ်သော ဦးဓနမင်းထင်က ခေါ်ယူမွေးစားသလို မိဘအမွေများကိုလည်း ထိန်းသိမ်းပေးခဲ့သည်။

နဂိုကတည်းက အေးတိအေးစက်နေတတ်တာကြောင့် တခြားလူမျာနဲ့ တရောတနှောမနေတတ်သော်လည်း ဘေးအိမ်မှ နွမ်းကိုတော့ ငယ်ငယ်လေးကတည်းက အချစ်ပိုခဲ့ရသည်။ ကြီးလာတော့လည်း ခံစားချက်များ အရောင်စွန်းထင်းလာသည်။

သီဟမင်းထင်နှင့် အမြဲတမ်းအနေနီးပြီး သူ့ထက်ပိုအလေးပေးသောကြောင့်လည်း ခံ့ညားမနာလိုရသည်။

နွမ်းကလေးရဲ့ ခံစားချက်တွေကလည်း သီဟမင်းထင်အပေါ် ပိုနေတာကို နည်းနည်းလေးမှသဘောမကျ။

ီထို့အပြင် သီဟမင်းထင်နှင့် နွမ်းမှာ ဖွင့်မပြောဖြစ်သော်လည်း နှစ်ဦးသား ခံစားချက်က အဖြူရောင်ထက်ပိုလာခဲ့၏။

ထင်ထားသည့်အတိုင်း အစ်ကိုကြီးက သီဟမင်းထင်ကို အိမ်ထောင်ချပေးသည့်အခုမှာတော့ ခံ့ညားစိတ်အေးရသည်။

" ကိုသီဟကို အိမ်ထောင်ချပေးမယ်ဆိုပေမဲ့ ကျွန်တော့်ကိုတော့ အဲ့လိုမျိုးလာမလုပ်ဖို့ ခုကတည်းက တောင်းဆိုချင်တယ် အစ်ကိုကြီး"

" နွမ်းမြတ်သာအပေါ် မင်းလဲခံစားချက်ရှိနေတာပဲ"

"ကျွန်တော့်ကိုတော့ မတားပါနဲ့ ၊ ဘာပဲဖြစ်နေဖြစ်နေ သူ့ကိုရွေးထားပြီးသားမို့ အစ်ကိုကြီးတားဆီးလဲ အပိုပဲ "

အစ်ကိုကြီးကတော့ သူ့ကိုမတားဆီးခဲ့ပေမဲ့လည်း နွမ်းကတော့ အချစ်ဦးဖြစ်သူ သီဟမင်းထင်လက်ထပ်သွားသည့်ကိစ္စအား ခံ့ညားကြောင့်ဟု အထင်လွဲရင်း အမုန်းကြီးမုန်းခဲ့သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now