PART [ 22 ]

1.3K 172 6
                                    

[ Zawgyi ]
 
" ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ် လိုက်ခဲ့ရမယ်မြတ်သာ ၊ ငြင်းမယ်မကြံနဲ့"

"ဘယ်နေ့လဲ ?"

"နောက်၁ပတ်စနေ ၊ ညပိုင်းဖြစ်မယ် အဆင်ပြေလား?"

"အင်း ပြေတယ်"

"မင်းလာမယ်လို့အားလုံးကို ပြောထားတယ် ............ သွားခါနီးမှတော့ မငြင်းနဲ့နော်"

"အေးပါ ငါသိပါတယ်"

ဖုန်းချပြီးသည့်နောက်မှာတော့ နွမ်းမှာ အောက်ထပ်ကိုသာပြေးဆင်းရင်း ထမင်းစားခန်းထဲသို့ဝင်လာလိုက်သည်။

ဒါလင်နှင့် စကားများပြီးကတည်းက မျက်နှာချင်းဆိုင်ကာ မနက်စာမစားချင်တာကြောင့် အိပ်ချင်ယောင်ဆောင်နေပေမဲ့လည်း အချိန်ကြာလာတော့ ဝမ်းကဟာလာတော့သည်။

"နိုးပြီလား မြတ်သာ "

"ဗိုက်ဆာတယ် မချိုရီ "

"ပြင်ထားပြီးသား ၊ ပေါင်မုန့်ကြက်ဥကြော်နဲ့ လက်ဖက်ရည်စိမ့်စိမ့်လေးဖျော်ထားတယ် အဆင်ပြေတယ်ဟုတ်?"

စားပွဲဝိုင်တွင် နေရာယူလိုက်သည်နှင့် မချိုရီက မနက်စာကို ချက်ချင်းချပေးကာ အဆင်သင့်ပြင်ဆင်ပေးသည်။

ယခုမှကြော်ထားသော ပေါင်မုန့်ကြက်ဥကြော်မှာ မွှေးပျံ့နေသလို လက်ဖက်ရည်စိမ့်စိမ့်လေးကလည်း နွမ်းသဘောအကျဆုံး။

"စားချင်နေတာကွက်တိပဲ မချိုရီဗိုက်ထဲပုဏ္ဏားလေးရှိနေတာများလား ?"

"ပုဏ္ဏလေးရှိနေတာမဟုတ်ဘူး ၊ ဆရာခံ့ညားက မြတ်သာအတွက်ပြင်ဆင်ထားဖို့မှာသွားပေးတာ"

ချက်ချင်းပင် နွမ်းမျက်နှာအမူအရာမှာ အလိုမကျသလိုဖြစ်သွားရင်း နှာခေါင်းကိုရှုံ့ပစ်လိုက်သည်။

"ပြဿနာဖြစ်ထားပြန်ပြီလား မြတ်သာရယ်"

မချိုရီက မျက်နှာချင်းဆိုင်တွင်ထိုင်ကာ စိတ်မကောင်းသလို ငေးကြည့်လာသည်။

ထိုကနေ့ညက နှစ်ယောက်သားအခြေအနေဖြစ်ရင်း စကားများခဲ့ကြသည်။ နွမ်းဘက်က တားဆီးနေသည့်တိုင် ဒါလင်က အတင်းအကြပ်ပြုမူခဲ့သည့်အတွက်လည်း စိတ်တိုရသည်မို့ စကားမပြောတော့ဘဲ ဥပက္ခာပြုထားရင်း အေးအေးလူလူသာနေခဲ့သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now