PART [ 40 ]

3.3K 157 7
                                    

[ Zawgyi ]
 
Wedding ပြီးသွားသည့်နောက်မှာတော့ ဒါလင်က နေအိမ်ကို ပြင်ဆင်ကာ ခြံထဲ၌လည်း အပင်တစ်ချို့ကို စိုက်ထားလေသည်။

အပန်းဖြေစံအိမ်ကနေ အတူတူပြန်လာကတည်းက နွမ်းလည်း Villa ကို မပြန်တော့သလို ဒါလင့်စံအိမ်ကြီးဆီကိုသာလိုက်လာရာ အားလုံးက ဝမ်းပမ်းတသာကြိုဆိုကြသည်။

" ဝမ်းသာပါတယ် မြတ်သာရယ် ၊ အခုတော့ မိသားစုတွေဖြစ်သွားပြီပေါ့ "

" စားချင်တာရှိရင်ချက်ကျွေးပါဦး မချိုရီ "

" စိတ်ချပါရှင် "

မချိုရီတို့ ညီအစ်မကတော့ နွမ်းနှင့် အတော်လေးရင်းနှီးသလို စကားပြောဖော်လည်းဖြစ်သည်။ စံအိမ်ကို ပြောလာတော့ သူမတို့ ညီအမကလည်း သဘောတကျ။

ဒါလင်က အပေါ်ထပ်ကို ခေါ်သွားတာကြောင့် လိုက်သွားလိုက်တော့ အိပ်ခန်းတံခါးဖွင့်ကြည့်ရုံနှင့်ပင် သူအံ့သြရသည်။ အခန်းအပြင်အဆင်မှာ အရင်တုန်းကနှင့်မတူတော့ဘဲ သစ်လွင်တောက်ပနေသလို ပြင်လည်ပြုပြင်ထားသည်မှာ နေချင်စဖွယ်။

အရင်ကတော့ အနည်းငယ်မှိုင်းသောအရောင်ဖြစ်သော်လည်း ယခုတော့ သစ်လွင်ကာ တောက်ပနေသော အရောင်ဖြစ်သည်မို့ သူသဘောတကျပြုံးရယ်မိလိုက်တော့သည်။

" သဘောကျရဲ့လား "

" အများကြီးပဲ ဘာလို့ဒီလောက်ပြင်ဆင်လိုက်တာလဲ "

အခန်းထဲဝင်ကြည့်လိုက်တော့လည်း အသုံးအဆောင်ပစ္စည်းများကအစ နေရာတကျဖြစ်သလို အလှပန်းအိုးလေးများကလည်း အသစ်လဲထားတာကြောင့် သူ့မျက်လုံးထဲ အမြင်ဆန်းကာ ချစ်စဖွယ်ဖြစ်နေလေသည်။

" မင်းက အိမ်အသစ်မလိုချင်ဘဲ ဒီမှာပဲနေချင်တယ်ဆိုတော့ ကိုယ်လုပ်ပေးထားတာ ၊ အခုကအရင်ကလိုမှမဟုတ်ဘဲ ကိုယ်တို့နှစ်ယောက်အတူတူနေရမှာလေ အရင်လိုနေလို့ဘယ်ဖြစ်မလဲ"

" အလုပ်ရှုပ်ရအောင် ၊ ကျွန်တော်က ဘယ်လိုဖြစ်ဖြစ်ရတာပဲကို အဲ့လောက်ထိအလိုလိုက်ပေးစရာမလိုပါဘူးနော် "

လက်ထပ်ပြီးအတူတူနေရတာမှာဖြစ်တာကြောင့် အိမ်သစ်လိုချင်သလား မေးဖူးပေမဲ့ သူကတော့ မလိုချင်တာမို့ ငြင်းဆိုခဲ့သည်။ ဟိုပြောင်းသည်ပြောင်းရတာကို သဘောမကျတာကြောင့် ငြင်းခဲ့ပြီး လက်ရှိစံအိမ်က ဒါလင့်အခန်းမှာသာ နေချင်ကြောင်းဆိုတော့ အခန်းအပြင်အဆင်ကို သူကြိုက်သည့်ပုံစံအတိုင်းလုပ်ပေးထားသေး။

You've reached the end of published parts.

⏰ Last updated: Nov 08, 2023 ⏰

Add this story to your Library to get notified about new parts!

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now