PART [ 5 ]

1.8K 204 22
                                    

[ Zawgyi ]
 
မနက်မိုးလင်းလို့ ဘေးနားကိုစမ်းကြည့်လိုက်တဲ့ အချိန်မှာ အေးစက်စက်အထိအတွေ့ကိုသာ ခံစားရပြီး အနွေးဓာတ်ကတော့ ပျောက်ကွယ်နေခဲ့သည်။အမြင်အာရုံကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ဖြူစွတ်စွတ်မွေ့ရာကြီးပေါ်တွင် အိပ်စက်နေသည်မှာ ခံ့ညား တစ်ယောက်တည်းသာဖြစ်သည်။

မျက်မှောင်ကိုကြုတ်ပြီး မွေ့ရာပေါ်ခပ်လျောလျောထိုင်ရင်း စားပွဲပေါ်ကနာရီကိုကြည့်လိုက်တော့ နံနက် ၇ နာရီသာ ရှိသေးသည်။

အေးစက်နေတဲ့ မွေ့ရာကြောင့် နွမ်း ထသွားတာကြာပြီဖြစ်တာကို သိပေမဲ့လည်း စောင်ကိုအသာလှပ်ကာ bathrobe ကို ကောက်ဝတ်လိုက်တဲ့အချိန်မှာတော့ စားပွဲပေါ်က ပန်းအိုးနာမှာ ချထားတဲ့ စာတစ်စောင်ကို မြင်လိုက်ရသည်။

- အလုပ်ကိစ္စတွေ ပစ်ထားလို့မရလို့ အရင်ပြန်နှင့်ပြီ ဒါလင် ၊ နောက်မှအေးအေးဆေးဆေးထပ်တွေ့ကြတာပေါ့ -

ရိုးရှင်းလှတဲ့ စကားလုံးတွေတန်းစီနေတဲ့ စာရွက်အဖြူလေးကိုကြည့်ရင်း ခံ့ညားမှာ သက်ပြင်းချပြီး အဝတ်ဗီဒိုကို ဖွင့်ကြည့်လိုက်တော့ သူတစ်ယောက်တည်းအဝတ်တွေသာရှိတော့သလို နွမ်းရဲ့ ပစ္စည်းတွေကတော့ သိပ်မရှိတော့။

ကိုယ်လက်သန့်ရှင်းပြီးနံနက်စာအတွက်အောက်ထပ်ဆင်းလာချိန်မှာတော့ ထမင်းစားခန်းထဲက မခြည်က နှုတ်ဆက်လာတော့သည်။

" ကောင်းကောင်းအိပ်ပျော်ရဲ့လား ခံ့ညား"

"အိပ်ပျော်ပါတယ် ၊ ဒါနဲ့ နွမ်းက ဘယ်ချိန်တုန်းကပြန်သွားတာလဲ?"

"နံနက် ၆ နာရီသာသာကပဲ ၊ သူကိစ္စရှိလို့ပြန်နှင့်ပြီဆိုပြီးထွက်သွားတာ ၊ မင်းကိုတော့ အိပ်နေလို့ဆိုပြီး မနှိုးတာထင်တယ်"

"သူ့ဘာနဲ့ပြန်သွားတာလဲ?"

"စိတ်မပူပါနဲ့ ၊ Bodyguard တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်တယ်"

"ကောင်းပါပြီ"

ခံ့ညားက ခေါင်းညိတ်လိုက်တော့ မခြည်က အရိပ်အခြေကိုကြည့်ပြီး စကားလမ်းကြောင်းကိုလွှဲပစ်လိုက်သည်။

"နံနက်စာ ဘာစားမလဲ ခံ့ညား ...... ကော်ဖီပဲလား?"

"ကော်ဖီပဲ ပေးပါ မခြည် "

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now