PART [ 32 ]

1.4K 163 12
                                    

[ Zawgyi ]
 
"ဘယ်နေရာမှာ လက်ထပ်ချင်လဲ"

"ကြီးကြီးမားမားကြီးမလုပ်ချင်ဘူး ။ အကျဉ်းချုံးလေးပဲလုပ်ချင်တယ် ။ လူအများကြီးလာတာမကြိုက်တာကြောင့် ရင်းနှီဆုံးလူတွေပဲဖိတ်မယ်။နောက်ပြီး အပန်းဖြေစံအိမ်မှာလုပ်ချင်တယ် ဒါလင်"

သီဟမင်းထင်၏ နှစ်ပတ်လည်ပြီးသွားသည်နှင့်တပြိုင်နက် ဒါလင်က လက်ထပ်ရန်စီစဉ်တော့သည်။

နွမ်းကိုယ်တိုင်ကလည်း လက်ခံထားပြီးသားမို့ စိတ်တိုင်းကျစီစဉ်စေပေမဲ့လည်း ဒါလင်ကတော့ လက်ထပ်ချင်သည့်နေရာနှင့် ပုံသဏ္ဍာန်ကို နွမ်းစိတ်တိုင်းကျလုပ်ပေးမည်ဟုဆိုကာ မေးမြန်းလာတော့သည်။

" ပင်လယ်နားမှာလုပ်ချင်တာလား?"

"အင်း ညပိုင်းလုပ်ချင်တယ် ။ မနက်ပိုင်းမလုပ်တော့ဘဲ ညပိုင်းကျမှပွဲစလိုက်မယ်လေ ဘယ်လိုသဘောရလဲ?"

မေးသာမေးရပေမဲ့လည်း ဒါလင်က နွမ်းပြောသမျှကိုလက်ခံပေးသည်။ လက်ထပ်ပွဲနှင့်ပက်သက်ပြီး အားလုံးကို သူ့သဘောကျစီစဉ်စေတာကြောင့် နွမ်းအတွက်တော့ သိပ်ပြီး ဖိအားမရှိ။

"မင်းသဘောက ကိုယ့်သဘောပဲ ။ ညပိုင်းကျမှစီစဉ်ကြတာပေါ့"

"အင်း မခြည်ကို ပြောရဦးမယ်"

"နွမ်းကိုယ်တိုင်ပြောလိုက်မလား?"

"အင်း"

အလုပ်တစ်ဖက်နှင့်ဒါလင်က လက်ထပ်ပွဲကိုလည်း စီစဉ်နေရတာကြောင့် အနည်းငယ်တော့ပင်ပန်းမှာပဲ။

သို့သော်လည်း နွမ်းကတော့ အိမ်ထဲတွင်သာ အခန့်သားထိုင်နေရသည့်အတွက်ကြောင့် တာဝန်မကျေသလိုခံစားရသည်။

"ကျွန်တော်ရော ဘာလုပ်ရမလဲဒါလင် ။ ဒီတိုင်းကြီးတော့ ထိုင်နေချင်ဘူး"

နွမ်းမှာ Mac book နှင့် Wedding Party အပြင်ဆင်ကိုကြည့်နေသော ဒါလင့်အနားသွားကာ လက်မောင်းကိုချိတ်လျက်ဆိုရာ ဒါလင်က ခပ်ရေးရေးပြုံးလျက် နွမ်း၏ လက်ကိုခပ်ဖွဖွလေးအုပ်ကိုင်၏။

" နွမ်းက ဖိတ်ချင်တဲ့လူတွေအကြောင်းကိုသာ တွေးထားလိုက် ။ နောက်ပြီး မိဘတွေကိုလဲ အသိပေးရဦးမယ်မလား?"

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now