PART [ 37 ]

3.6K 215 11
                                    

[ Zawgyi ]
 
" ပြန်လာပြီလား "

အရေးတကြီးကိစ္စနှင့် Company ကိုသွားရသော ဒါလင်က ညနေစောင်းလောက်မှပြန်လာသည်။ ဒီလောက်အရေးကြီးကိစ္စများ ရှိနေတာတောင် Honey Moon ထွက်ရန်ဆိုသော ဒါလင်က နွမ်းအပေါ် အတော်လေးဂရုစိုက်ရှာသည်။

ကားသံကြားတာကြောင့် အိမ်ပြင်ထွက်ကြည့်လိုက်တော့ ဒါလင်က ကားပေါ်ကဆင်းလာသလို သော်က ကိုလည်း တစ်ခုခုမှားနေသေးသည်။

ထို့နောက် သော်က က ကားကိုမောင်းထွက်သွားသည်မို့ နွမ်းမျက်ခုံးပင့်လိုက်မိ၏။

" စောင့်နေတာလား "

" အင်း ကိုသော်က ကပြန်သွားတာလား "

" Comapny ကို သူကြည့်ထားပေးလိမ့်မယ်"

" ဒါလင်ကရော "

နွမ်း မေးလိုက်တော့ ဒါလင်က လှည့်ကြည့်လာရင်း ခပ်ရေးရေးပြုံး၏။ လက်တစ်ဖက်ကလည်း နွမ်း ပခုံးကိုဖက်ထားကာ အိပ်ခန်းထဲရောက်သည့်အထိ ဖက်ထားလျက်။

" ကိုယ်က မင်းအနားမှာနေမှာလေ "

" ကျွန်တော့်ကြောင့်နဲ့တော့ အလုပ်ပျက်မခံနဲ့နော် မကြိုက်ဘူး"

" ကိစ္စာအားလုံးကို ကိုယ်ဖြေရှင်းထားပြီးသားမို့ အထွေးအထူးရယ်တော့မရှိတော့ပါဘူး ၊ နွမ်းက စိတ်အေးလက်အေးအနားယူ "

ဒါကိုတော့ သူသိပ်သဘောမကျပါ။ အရင်တုန်းကလည်း သူ့ကြောင့် ဒါလင်မှာ အလုပ်တစ်ဖက်နှင့် ကရိကထများခဲ့ရပြီးပြီ။ အခုလည်း ထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ သူလက်ခံနိုင်မှာမဟုတ်။

" ကျွန်တော်နေကောင်းပါတယ် ဒါလင်ရယ် ၊ အလုပ်ကိုသာ အာရုံထားပါ"

" အလုပ်ဆိုတာကြီးက အရေးမကြီးဘူးနွမ်း ၊ မင်းတစ်ယောက်တည်းကပဲ ကိုယ့်အတွက် အရေးအကြီးဆုံးပဲ ၊ သိရက်သားနဲ့ပြောနေပြန်ပါပြီ"

" ကျွန်တော့်ကြောင့် ဒါလင်အနှောက်အယှက်ဖြစ်မှာစိုးတယ် ၊ ပြီးတဲ့နှစ်တွေမှာလဲ ဒါလင့်အပေါ် အနိုင်ယူခဲ့တာတွေ များလှပြီ ထပ်ပြီးတော့ အနိုင်မယူချင်တော့ဘူး "

နွမ်းက ပြောရင်း ခံ့ညားရင်ခွင်ထဲတိုးကာ ခါးကိုလည်း ကျစ်နေအောက်ဖက်ထားလိုက်သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now