PART [ 12 ]

1.3K 178 23
                                    

[ Zawgyi ]
 
"အစ်ကိုကြီးဆီကို သွားတယ်မလား?"

ညရောက်လို့ အိမ်ပြန်ရောက်တာနဲ့ ဒါလင်က မေးခွန်းထုတ်လာသည်။ နွမ်းက ပြန်မဖြေဘဲ ချွတ်ထားတဲ့ အပေါ်ကုတ်ကို ချိတ်ဖြင့်ချိတ်ပေးလိုက်တော့ အနားရောက်လာရင်း သူ့ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၏။

"သူဖုန်းဆက်ခေါ်တာမလား?"

"သိရက်သားနဲ့"

"ဘာတွေပြောလိုက်သေးလဲ ၊ မင်းစိတ်ကသိကအောက်ဖြစ်အောင် ပြောလိုက်သေးလား"

အကဲပိုနေတဲ့ ဒါလင်ကြောင့် သူခပ်ဟဟရယ်လိုက်မိသည်။ ရှေ့တည့်တည့်က ရင်ခွင်ထဲကို အသာလေးတိုးဝင်လိုက်တော့ ဒါလင်က ပြန်လည်ပွေ့ဖက်လာသည်။

"မပြောပါဘူး ၊ အန်ကယ်က ကျွန်တော့်ကိုသဘောကျတယ်လေ"

"အစ်ကိုကြီးက အဲ့လောက်ထိ သဘောမကောင်းတာ မင်းသိပါတယ်နွမ်း "

"ခုလောလောဆယ်တော့ သူအေးချမ်းနေပါတယ် ၊ အသက်ကြီးလာလို့ပဲလားမသိဘူး လောဘတွေနည်းလာသလားလို့ထင်မိတယ်"

သူ့ခါးကို ဒါလင်ကခပ်ဖွဖွပွတ်သပ်ရင်း နဖူးကိုနမ်းသည်။ ခပ်နွေးနွေးအပူချိန်ကိုခံစားမိနေတဲ့ အတွက် နွမ်းဘက်ပဲအရင်ဆုံး ထွက်လိုက်တော့သည်။

" ဒီတိုင်းရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရုံလေးတင်ပါ "

"နွမ်း"

"ရေချိုးတော့ဆို ။ ဆောင်းဝင်လာပြီ ဖျားနေဦးမယ်"

သူ့ပါးတစ်ဖက်ကို ဒါလင်ကနမ်းပြီး ရေချိုးခန်းထဲကိုဝင်သွားသည်။ ဒါလင်က နွမ်းနဲ့ပက်သက်လာလျှင် အသေးစိတ်ကအစ စိုးရိမ်တတ်သူမို့ ယခုကိစ္စကို မေးနေတာက အံ့သြစရာတော့မဟုတ်။

သို့ပေမဲ့လည်း ဒါလင်မသိစေချင်သော သန်းခေါင်မင်းထင်အကြောင်းကို မေးလာသည့်အတွက် သိသာသိရင်သေချာပေါက် ပြဿနာတက်ဦးမှာပဲ။

ရေချိုးပြီးနောက်မှာတော့ သူတို့နှစ်ယောက်အတူတူ ညစာစားဖြစ်ကြသည်။ နေကောင်းသွားတဲ့ နွမ်းကြောင့် စံအိမ်ကနေ ဟင်းတွေကို လာမပို့ခိုင်းတော့ဘဲ သူကိုယ်တိုင် ဟင်းအနည်းငယ်ကိုချက်ပြုတ်ပြီးနောက် ကျန်တာကိုတော့ဆိုင်ကနေ မှာစားလိုက်တော့သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now