[ Zawgyi ]
နေထွက်ချိန် ကျော်လွန်သွားပြီးနောက်မှာတော့ နွမ်းလည်း သက်ပြင်းကိုဖွဖွချလို့ ပင်လယ်ကိုသာ ငေးကြည့်ဖြစ်သည်။ ပတ်ဝန်းကျင်မှာ အလင်းရောင်က အလုံးစုံပြန့်နှံ့သွားပြီးနောက်မှာတော့ သူရောက်နေတာ အချိန်တော်တော်ကြာပြီဆိုတာကို သဘောပေါက်လိုက်သည်။"ပြန်ကြအောင်"
"ကိုယ်လိုက်ပို့ပေးမယ်"
"အင်း"
ဒါလင်က တည်တံ့စွာနဲ့ပဲ နွမ်းရဲ့လက်တစ်ဖက်ကိုဆွဲယူကာ သူ၏ ကျယ်ပြန့်ကာနွေးထွေးသော လက်ဖဝါးထဲမှာ တင်းနေအောင်ဆုပ်ကိုက်ထားပေးသည်။လက်ဖဝါးအရွယ်အစားက ကွာခြားတာမို့ ဒါလင့်လက်တွေထဲမှာ နွမ်းရဲ့လက်ကလေးက သေးသေးကွေးကွေးဖြစ်နေပြီး နစ်မြုပ်နေတော့သည်။
" ဒါလင်ရဲ့လက်တွေက အမြဲတမ်းနွေးနေတာပဲ"
"နွမ်းလက်တွေက အေးနေတာကြောင့်ပါ၊ပြန်ရအောင် ကြာကြာနေရင် အအေးမိလိမ့်မယ်"
"အင်း"
ခေါင်းညိတ်ပြလိုက်တော့ ဒါလင်က နွမ်းရဲ့လက်ကို ဆုပ်ကိုင်ရင်း အနီးနားမှာရပ်ထားတဲ့ အနက်ရောင်တန်ဖိုးကြီးကားဆီကိုခေါ်သွားပေးသည်။
အနားကိုရောက်တော့ Bodyguard တစ်ယောက်က ကားတံခါးကိုဖွင့်ပေးလာတာမို့ နွမ်းကအရင်ဝင်လိုက်ပြီး ဘေးနားကနေ ဒါလင်က ဝင်ထိုင်လာသည်။
ကားထဲရောက်တာနဲ့ အအေးဓာတ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး အနွေးဓာတ်က နွမ်းရဲ့ တစ်ကိုယ်လုံးကို တဖြည်းဖြည်းချင်း ရစ်ပတ်လွှမ်းခြုံလာကာ ကောင်းမွန်သည့်ခံစားချက်ကို ပေးလာသည်။
ထူထဲလှပြီး အရည်ကောင်းကာ တန်ဖိုးကြီးလှတဲ့ ကုတ်အရှည်ကြီးကတော့ နွမ်းရဲ့ ကိုယ်ပေါ်မှာခြုံထားဆဲဖြစ်သလို ဘေးနားကဒါလင်ကတော့ ဖုန်းကိုကိုင်ကာ တစ်ယောက်ယောက်နဲ့ စကားပြောနေလေသည်။
ကားကတဖြည်းဖြည်းရွေ့လျားသွားပြီးနောက် ပင်လယ်ကြီးက အနောက်ဘက်တွင်ကျန်ခဲ့တာကို သူငေးကြည့်မိသေးသည်။ လာရာလမ်းအတိုင်းမဟုတ်ဘဲ တဖြည်းဖြည်း ကုန်းမြင့်လေးပေါ်ကို တက်သွားလိုက်တော့ ဖြောင့်ဖြူးနေတဲ့ လမ်းမကြီးကိုမြင်လိုက်ရကာ ဘေးပတ်ဝန်းကျင်ကတော့ ပန်းပင်တချို့နဲ့ စိမ်းစိုနေတဲ့သစ်ပင်တချို့သာရှိပြီး အလွန်အေးချမ်းသာယာလှသည်။