PART [ 19 ]

1.2K 164 9
                                    

[ Zawgyi ]
 
လက်ထပ်မည့်ကိစ္စကို စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောပြီးကတည်းက ဒါလင်၏ အပြုအမှုများမှာ အရင်ကထက်ပိုမိုနူးညံ့လာပြီး နွမ်းအပေါ်ကိုလည်း ပိုဂရုစိုက်လာသည်။

ထွက်ပြေးမှာကိုကြောက်လို့လားပဲတော့မသိ။သို့သော်လည်း နွမ်းကတော့ အပူအပင်မရှိ အေးအေးဆေးဆေးနေရင်း အိမ်ထဲမှာသာ အောင်းနေဖြစ်သည်။

" ကွန်ဒိုမှာတစ်ယောက်တည်းနေရတာပျင်းရင် ကိုယ့်အိမ်လိုက်ခဲ့လေ"

"ဘာထူးလို့လဲ?"

"ဒီမှာကတစ်ယောက်တည်းမဟုတ်ဘူးလား ၊ ဟိုမှာကတော့ လူတွေအများကြီးရှိတာပဲ နွမ်းလဲအပျင်းပြေတာပေါ့"

"စဉ်းစားလိုက်ပါဦးမယ်"

နွမ်းက မွေ့ရာပေါ်မှာ ပျင်းတိပျင်းရွှဲလေးလဲလျောင်းနေရင်း ရေချိုးခန်းထဲမှ ထွက်လာသော ဒါလင်ကို ကြည့်နေလိုက်သည်။

ယောကျာ်းပီသသော အရပ်အမောင်းနှင့် ဘောဒီအချိုးအစားက အတော်လေးမိုက်သည်။ဖြူတယ်မဟုတ် ညိုတယ်မဟုတ်သည့် အသားအရည်နှင့်အတူ ရင်ဘက်မှအမွေးအမျှင်တချို့ကလည်း အသဲယားစရာ။ဒီကြားထဲ သက်လုံကောင်းတာကိုလည်း သူအသိဆုံး။

"DTZ နဲ့ ကိုယ်တို့ Project တစ်ခုကို ပူးပေါင်းထားတယ် "

"ဒါလင်ပြောချင်တာက ဝဏ္ဏမြင့်မြတ်ကိုပဲမလား?"

နွမ်းစကားကို ဒါလင်ကခပ်ဟဟရယ်ရင်း တဘတ်တစ်ထည်ဖြင့်အနားရောက်လာသည်။

"မွေ့ရာရေစိုရင် မကြိုက်ဘူးနော်"

"တခြားဟာစိုရင်တော့ ကြိုက်တယ်မလား?"

"ညစ်တီးညစ်ပတ်တွေလာပြောနေလဲ စိတ်မပါဘူး ၊ ကျွန်တော်မေးတာကိုဖြေ ၊ ဝဏ္ဏနဲ့ပက်သက်ပြီးစုံစမ်းထားပြီမလား?"

"နွမ်းဘေးနားမှာရောက်နေတဲ့ လူတိုင်းကို စုံစမ်းထားတယ်"

"ထင်ပါတယ် ဟိုအရင်ကတည်းက ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကို မိဘထက်တောင် ဒါလင်က စွက်ဖက်သေးတာကို"

"မင်းကိုစိတ်မချဘူး နွမ်းရဲ့ "

မွေ့ရာပေါ်တက်လာသည့် ဒါလင်က လဲလျောင်းနေသော နွမ်း၏ မျက်နှာတစ်ဝိုက်ကို ခပ်ဖွဖွနမ်းသည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now