PART [ 11 ]

1.3K 171 12
                                    

[ Zawgyi ]
 
"အရင်တစ်ခေါက်တုန်းက စုံစမ်းခိုင်းထားတဲ့ မြေကွက်အခြေအနေရော ရပြီလား?"

LAPTOP SCREEN ပေါ်ကနေ အကြည့်မခွာဘဲ မေးလိုက်တော့ သော်က ,က အနားရောက်လာပြီး macbook ကို ဖွင့်ပြပြီး ပေးလာသည်။

" မြေကွက်၃ခုစလုံးက တကယ့်နေရာချက်ကောင်းတွေချည်းပါပဲ ၊ ပြီးတော့ အရှုပ်အရှင်းလဲကင်းတယ် ၊ ဈေးညှိလို့လဲအဆင်ပြေလောက်တယ် "

"နွမ်းရဲ့ Studio နဲ့နီးတဲ့ မြေကွက်ကရော ၊ မင်းဘယ်လိုမြင်လဲသော်က"

"အဲ့ဘက်ခြမ်းက စည်တယ်ကိုခံ့ညား ၊ နောက်ပြီး ဟိုတယ်မရှိဘူး ၊ တခြားဆိုင်ကြီးတွေရှိတယ် "

"ဈေးညှိကြည့်ဖို့စီစဉ်လိုက် "

"ဟုတ်ကဲ့"

သော်က ,က Macbook ကိုပြန်ယူသွားပြီး အခန်းအပြင်ပြန်ထွက်သွားသည်။ အတွင်းရေးမှူးအဖြစ်လုပ်ကိုင်လာတာ နှစ်ရှည်နေပြီဖြစ်တဲ့ သော်ကမှာ တစ်ခါမှအမှားအယွင်းမဖြစ်ဖူးသေး။ ခံ့ညား ယုံကြည်ရတဲ့အထဲ သော်က ,ကလည်းအပါအဝင်။

တစ်နေကုန်ဆက်တိုက်ကြီး LAPTOP ကိုသာ ကြည့်နေရတာကြောင့် အနည်းငယ်မျက်ရိုးကိုက်လာတာမို့ ခဏနားရင်း ငြိမ်သက်နေလိုက်စဉ်မှာပင် စားပွဲပေါ်ထောင်ထားသည့် ဓာတ်ပုံကိုအကြည့်ရောက်သွားမိသည်။

ပုံထဲတွင်း ပြုံးရွှင်နေသည့် နွမ်းက ဆယ်ကျော်သက်သာသာကလေးရှိသေးသလို တောက်ပတဲ့ အပြုံးတွေကိုလည်း ဆင်မြန်းထားသည်။

ငယ်ငယ်လေးကတည်းက သူ့လက်ပေါ်မှာ ကြီးပြင်းလာတာမို့ နွမ်းရဲ့ စိတ်နေစိတ်ထားကို ခံ့ညားသဘောပေါက်သည်။ နှစ်သက်ရင်လည်း အလွန်အမင်းနှစ်သက်တတ်သလို မလိုအပ်တော့ရင်လည်း လှည့်မကြည့်တော့လောက်တဲ့အထိ နွမ်းက ပြတ်သားသူတစ်ယောက်လည်းဖြစ်သည်။

သို့သော် ခံ့ညားကတော့ ချွင်းချက်ဖြစ်လောက်သည်။

တစ်ခါတရံ အရွဲ့တိုက်တတ်တဲ့ နွမ်းရဲ့စကားလုံးတွေ အပြုအမူတွေကို သဘောမကျပေမဲ့လည်း လက်လွှတ်ပေးဖို့တော့ စိတ်ကူးမရှိ။

နွမ်းဘယ်က ဘယ်လောက်ပဲဆိုးနေပါစေ တစ်သက်လုံးအနားမှာထားဖို့ကိုသာ ဆန္ဒရှိသည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now