[ Zawgyi ]
"ဖြည်းဖြည်းလုပ်ပါ ဒါလင်ရဲ့"စကားသံတွေကို အာရုံမထားတဲ့ ဒါလင်က အခန်းထဲပြန်ရောက်တာနဲ့ တံခါးကိုလော့ချရင်း နွမ်းကို တင်းတင်းရင်းရင်းပွေ့ဖက်ကာ အနမ်းတွေကို ရှေ့ဆက်သည်။
တစ်ကိုယ်လုံးကို စုန်ချီဆန်ချီ ရွေ့လျားနေတဲ့ လက်တွေက မြွေတစ်ကောင်လိုပဲမို့ မျက်လုံးတွေကိုမှိတ်ထားရင်း ရှေ့တည့်တည့်က ဒါလင်ကိုသာ ပြန်လည်ဖက်ထားမိ၏။
အခန်းအလင်းရောင်က ညမီးသီးကိုသာထွန်းထာတာကြောင့် တစ်ယောက်ကိုတစ်ယောက် အထင်အရှားကြီးတော့ မမြင်ရပေမဲ့ ရှေ့တည့်တည့်က ဒါလင်ကတော့ နွမ်းကိုလိုချင်တပ်မက်တဲ့အကြည့်တွေနဲ့သာကြည့်ရင်း အသက်ရှူသံကလည်း ပြင်းပြနေတော့သည်။
"နွမ်း"
"ပြော ဒါလင်"
"မင်းဘယ်ကိုမှထွက်မသွားရဘူး"
မောဟိုက်သံနဲ့ဆိုလာတဲ့ စကားကြောင့် သူခပ်ဟဟလေးရယ်လိုက်ရင်း ကျယ်ပြန့်လှတဲ့ ပခုံးကြီးကိုသာ တင်းတင်းဆုပ်ကိုင်ပစ်လိုက်တော့သည်။
"ကျွန်တော်အခု ဒါလင်ရဲ့ရှေ့မှာရှိနေတယ်လေ"
"အမြဲတမ်း ရှိနေရမယ်"
"ခုချိန်က မလိုအပ်တဲ့စကားတွေပြောရမဲ့အချိန်မဟုတ်တာ ဒါလင်က ကျွန်တော့်ထက်ပိုသိပါတယ်နော် ဟုတ်တယ်မလား?"
ပြန်မဖြေတော့တဲ့ ဒါလင်က နွမ်းရဲ့ တစ်ကိုယ်လုံးကိုကျိုးကြေမတတ်ဖက်တွယ်ထားရင်း ပါးပါးလှပ်လှပ်သာရှိတဲ့ ရှပ်အဖြူအပျော့သားလေးကို ဆွဲချွတ်ပစ်ကာ ကြမ်းပြင်ကိုပစ်ချသည်။
မရုန်းကန်တဲ့ သူ့ကြောင့် မကြာခင်မှာပဲ နွမ်းရဲ့အဝတ်အစားအားလုံးက ကြမ်းပြင်ပေါ်ကျသွားပြီး ပိန်ပါးသွယ်လျတဲ့ ကိုယ်လုံးလေးက တောင့်တင်းခိုင်မာတဲ့ လက်မောင်အိုးကြီးတွေကြားထဲ နစ်မြုပ်နေတော့သည်။
နွမ်းမှာ ဒါလင်ရဲ့ ရှပ်ကိုပါ ကူချွတ်ပေးလိုက်ပြီးနောက် ခါးပတ်ကိုပါဖြုတ်ပေးလိုက်တော့ ဒါလင်က သဘောကျသွားပြီး ပိုမိုကြမ်းရှတဲ့ အနမ်းတွေကို ဖန်တီးတော့၏။ပထမဆုံးအကြိမ်မဟုတ်သည့်တိုင် သူတို့နှစ်ယောက်မှာ အတွေ့အကြုံတွေရှိသလို အကြိမ်တိုင်းကလည်း နှစ်ဦးသဘောတူမှုသာဖြစ်သည်။