PART [ 4 ]

1.9K 217 14
                                    

[ Zawgyi ]
 
ညစာစားချိန်ရောက်တော့ နွမ်းက အရင်ဆုံး ထမင်းစားခန်းထဲဝင်လာပြီး ဒါလင်ကတော့ အလုပ်ကိစ္စနှင့် ဖုန်းပြောနေလေသည်။ တစ်နေ့လုံး နေရတာအဆင်မပြေတာကြောင့် အခန်းထဲမှာပဲနေရင်း အိပ်လိုက်တာ ညနေစောင်းတော့ အိပ်ရေးဝသွားပြီး လန်းသွားတာမို့ ညစာစားဖို့ဆင်းလာလိုက်ရာ မခြည်ရဲ့ စကားသံက အရင်ဆုံးထွက်လာတော့၏။

"ပျော်စရာ Anniversary လေး ဖြစ်ခဲ့လားမြတ်သာ"

"ပျော်ခဲ့တယ်ဆိုရမလား?"

"မြတ်သာတို့ကတော့ တကယ်ပါနော် ၊ ဒီလောက်ချစ်တတ်တဲ့ ခံ့ညားကိုရထားတာတောင် အိစိအိစိလုပ်နေတုန်း"

"ကလေးတွေမှမဟုတ်ဘဲမခြည်ရဲ့"

"ကလေးမဟုတ်လဲ လုပ်လို့ရပါတယ်နော်၊ Anniversary ပဲ နှစ်ယောက်အတူတူ အပြင်ထွက်လည်ပြီး ပျော်ပျော်ကြီးဖြတ်သန်းပစ်လိုင်တာ ပိုမကောင်းဘူးလား မြတ်သာရဲ့"

"ကျွန်တော်ကတော့ အခုလိုလေးလဲသဘောကျတယ် ၊ အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းလိုက်ရတာ စိတ်ချမ်းသာတာပေါ့ ၊ ဘာလဲ မခြည်က လျောက်လည်ရတာကို သဘောကျနေတာလား"

"ပေါက်တတ်ကရတွေ"

"ကျွန်တော်ဒီတစ်ခေါက် ပြန်ရောက်ရင် မခြည်အတွက် အဖော်ကောင်းလေးရှာပေးဦးမယ်"

နွမ်းရဲ့စကားကြောင့် မခြည်က တခစ်ခစ်ရယ်ရင်း လက်ကာပြကာ ငြင်းတော့သည်။

"မဟုတ်တာတွေမြတ်သာရယ် ၊ အေးအေးဆေးဆေးနေချင်ပါတယ်နော်"

"တကယ်ပါဗျာ ကျွန်တော့်အသိတွေထဲမှာ တည်ကြည်ခံ့ညားတဲ့ ယောကျာ်းကောင်းတွေအများကြီးရှိပါတယ်"

"မြတ်သာရယ် တော်ပါတော့ ၊ ရယ်ရတာဗိုက်နာတယ် ၊ တစ်ယောက်တည်းပဲနေချင်ပါတယ် အခုလိုလေးလဲစိတ်ချမ်းသာနေတာကို"

"ဒီအသက်အရွယ်ကတည်းက ရှာထားမှာအသက်ကြီးလာရင်အဆင်ပြေမှာပေါ့ဗျ"

"ကျွန်မကိုကျပြောပြီး ရှင်လေးကရော ?"

"ဘာကိုလဲ?"

"ရှင်လေးတို့ကရော ဘယ်တော့လက်ထပ်မှာတုန်း အသက်တွေကငယ်တော့တာမဟုတ်ဘူးနော်"

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now