PART [ 39 ]

1.4K 150 5
                                    

[ Zawgyi ]
 
ညမိုးချုပ်သည်နှင့် သူတို့နှစ်ယောက်အတူတူ အသင့်ပြင်ဆင်ထားသော Tant ထဲသို့ ဝင်လာလိုက်ကြသည်။ ကမ်းစပ်၌ ခြေပြောင်နှင့်လျောက်သွားခဲ့တာကြောင့် ပေကျံနေသလို ရေတွေလည်းစိုနေတာကြောင့် နွမ်းမှာ အဝတ်အစားလဲရန် ပြင်ရသည်။

Tant ထဲမှာလည်း မီးအိမ်ထွန်းထားတာကြောင့် အလင်းရောင်ရှိနေသလို အနည်းငယ်ကျယ်ဝန်းသော Tant က လူနှစ်ယောက်ကိုတော့ သက်တောင့်သက်သာ လက်ခံနိုင်သည်။

ဝိုင်ပုလင်းဝက်လောက်ကို မော့ချထားတာကြောင့် ရီဝေဝေတော့ဖြစ်နေသော်လည်း မူပျက်အောင်တော့မဖြစ်။

သောက်နေကျဖြစ်တာကြောင့် ရုပ်မပျက်သလို အဝတ်အစားလဲဖို့ကိုလည်း တတ်စွမ်းနိုင်သေးသည်။

ရေစိုနေသော အဝတ်အစားများအား ချွတ်ချပြီးနောက်မှာတော့ သူ့တစ်ကိုယ်လုံး အအေးဓာတ်ကိုခံစားလိုက်ရသလို ရီဝေနေသော စိတ်မှာလည်း ပြေပျောက်သွားသလိုမျိုး။

" နွမ်း "

ရုတ်တရက် ဇစ်ဖွင့်သံနှင့်အတူ အထဲဝင်လာသော ဒါလင်ကြောင့် သူလှည့်ကြည့်မိရာ ဒါလင်ကတော့ ဝိုင်တန်ခိုးဖြင့် ရီဝေဝေကြည့်လာသည်။

" အဝတ်လဲမပြီးသေးဘူးနော် "

" ပြီးရင်ချွတ်မှာပဲကို "

" ဘယ်သူပြောလဲ "

ဒါလင်က ခပ်တိုးတိုးရယ်ကာ အနားရောက်လာပြီး နွမ်း၏ တစ်ကိုယ်လုံးကို နောက်ကနေသိုင်းဖက်ကာ ပခုံးပေါ်မေးတင်လာသည်။

စောနက အေးစက်နေသော ခံစားချက်က ပူနွေးသော ရင်ခွင်ကျယ်နှင့်ထိစပ်သွားသောအခါ ခပ်နွေးနွေး အနွေးဓာတ်ကို သိသိသာသာခံစားလိုက်ရ၏။

ဒါလင်က ပခုံးပေါ်မေးတင်ထားလျက်မှ နားသယ်စကို နမ်းရှိုက်လာရင်း လက်နှစ်ဖက်ကလည်း နည်းနည်းလေးမှအငြိမ်မနေဘဲ သူ၏ အဝတ်မကပ်သေးသော ကိုယ်အပေါ်ပိုင်းအား ပွတ်သပ်နေလေသည်။

" ဒါလင် "

" အေးတယ်ဆိုရင် နွေးအောင်လုပ်ပေးမယ် .... နွေးရုံတင်မကဘူ ချွေးထွက်အောင်ပါလုပ်ပေးမယ် "

" စကားတွေသိပ်တတ်နေတာ "

သူခပ်ဟဟရယ်လိုက်စဉ်မှာပဲ ဒါလင်က ဝတ်ထားသော တီရှပ်ကို ဆွဲချွတ်ကာ နွမ်း၏ ကျောပြင်တလျောက်ကို တရွေ့ရွေ့နမ်းရှိုက်လာသည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now