PART [ 20 ]

1.3K 166 10
                                    

[ Zawgyi ]
 
စံအိမ်ကြီးမှာ ၃ထပ်မြင့်မာပြီး အနောက်ဘက်တွင်လည်း တွဲလျက်ဆောက်လုပ်ထားသည့်အဆောက်အဦးငယ်များလည်းရှိသည်။

ချမ်းသာကြွယ်ဝကာ အာဏာရှိသည့် လူတစ်ယောက်ဖြစ်သလို ဒါလင်က အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တာမို့ ပိုင်ဆိုင်မှုများမှာ မနည်းမနော။

အိမ်တွင်ခန့်ထားသော အလုပ်သမားတင် ဆယ်ဂဏန်းရှိကာ ထိုအလုပ်သမားများအတွက်လည်း ခြံဝန်းထဲ၌ နေရာဆောက်လုပ်ပေးသည့်အထိ ဒါလင်က ကြွယ်သလို သုံးမကုန်ဖြုန်းမကုန်သော စည်းစိမ်းများကလည်း တစ်ဦးတည်းပိုင်ဆိုင်ထားသေးသည်။

" ဒါလင်ရော "

" အပေါ်ထပ်က စာဖတ်ခန်းထဲကို ဦးမော်ခီနဲ့အတူတက်သွားတယ်"

ဦးမော်ခီနှင့်ဆိုတော့ သေချာပေါက်အလုပ်ကိစ္စမို့ နွမ်းလည်းလိုက်မသွားတော့ဘဲ ဒုတိယထပ်တွင် သီးသန့်လုပ်ထားသော ဝိုင်းပုလင်းလေးများ ထားရာ Bar သဖွယ်အခန်းထဲသို့ဝင်ကာ စိတ်ကြိုက်ရွေးနေလိုက်သည်။

မှန်ဖြင့် ကာရံထားသောစဉ်ထက်၌ ရှိနေသည့် တန်ဖိုးကြီးဝိုင်ပုလင်းလေးကို မြင်လိုက်တာကြောင့် ဆွဲယူလိုက်ပြီး ခွက်တစ်ခွက်ကိုပါဆွဲယူရင်း အခန်းထဲကထွက်လာလိုက်သည်။

အိမ်ထဲမှာ သောက်ရတာ သဘောမကျတာကြောင့် အပြင်ထွက်လာရင်း ရေကူးကန်ဘက်သို့ဦးတည်လိုက်သည်။

ခြံဝန်းမှာ ကျယ်ပြောလာသည်မို့ အတော်အတန်တော့လမ်းလျောက်ရသည်။ တစ်ခြံလုံးကိုလည်း မီးသီးများထွန်းထားသည့်အတွက်ကြောင့် မှောင်ရိပ်ကျနေသည့်နေရာက မရှိသလောက်။

ရေကူးသို့ရောက်သော် ခုံထိုင်လေးကိုဆွဲယူရင်း ထိုင်ရန်တွေးမိသော်လည်း ချက်ချင်းပင်ခုံကိုပြန်ထားကာ ဘောင်းဘီကို ပေါင်လည်လောက်ထိခေါက်တင်ပြီး ခြေထောက်နှစ်ဖက်ကို ရေကန်ထဲထည့်ကာ စိမ်နေလိုက်သည်။

ပုလင်းကိုဖောက်ကာ ဝိုင်းကိုအရသာခံတော့ အနည်းငယ်ခါးသက်သက်တော့ရှိသည်။ ပုလင်းတွင်ပါသည့် တံဆိပ်ကိုဖတ်ကြည့်လိုက်ရာ ဈေးမသေးဘူးဆိုတာကို နွမ်းသဘောပေါက်သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now