PART [ 35 ]

1.8K 185 7
                                    

[ Zawgyi ]
 
" ဒါလင် "

ကံကောင်းထောက်မစွာနှင့် မနက်မိုးလင်းသောအခါ နွမ်း , နိုးလာခဲ့သည်။ သူနိုးနိးချင်း မွေ့ရာပေါ်တွင် ထိုင်ကာ စိုးရိမ်တကြီးကြည့်နေသော ဒါလင်ကြောင့် ညကအဖြစ်အပျက်ကို ပြန်သတိရသွားသည်။

" Wedding က ဘယ်လိုဖြစ်သွားလဲ "

" အဆင်ပြေတယ် ။ စိတ်မပူနဲ့ "

နွမ်း စိတ်အေးသွားရသည်။ နဂိုကတည်းက Party ကလည်း ပြီးခါနီးပြီမို့ ထွေထွေထူးထူးတော့ မရှိခဲ့ပုံရ၏။

" တောင်းပန်ပါတယ် ဒါလင် ။ သန်းခေါင်မင်းထင်ကို မြင်ပြီး ကျွန်တော်စိတ်မထိန်းနိုင်လိုက်ဘူး "

" ကိုယ်နားလည်တယ် "

ဒါလင်က နားလည်တယ်ပြောလေ သူအားနာရလေပင်။ အရေးကြီးဆုံ Wedding မှာတောင် ပြဿနာရှာခဲ့သော နွမ်းကိုလည်း စိတ်မဆိုးသော ဒါလင်က ယခုလည်း နွမ်းကို စိတ်အေးအေးထားရန် ဆိုနေသေးသည်။

" ကျွန်တော် သိချင်တာရှိတယ် ၊ ဒါလင်သိနေတယ်မလား ကျွန်တော့်မှာ ပြဿနာတစ်ခုခုဖြစ်နေတာ "

" ကိုယ်သိထားတယ် "

တင်းကြပ်လာသော စိတ်ကြောင့်နွမ်းမှာ အသက်ဝဝရှူရင်း စိတ်ကိုငြိမ်အောင်ထားမိသည်။ အမြဲတမ်း အရွဲ့တိုက်ပြီး ကလန်ကဆန်လုပ်နေသော်လည်း ဒါလင့်ကိုတော့ သူချစ်သည်။

သို့သော် တစ်ခါတရံ သူချစ်သော ဒါလင်အား နာကျင်ရသည့် စကားလုံးများကို မထိန်းချုပ်နိုင်ဘဲ ပြောထွက်သွားသောအခါများ၌ သူ့ကိုယ်သူ ပြဿနာတစ်ခုခုရှိနေပြီ ဟုထင်မိခြင်း။

ယခုတော့ သူထင်ထားသလိုမျိုး ဖြစ်နေ၏။

" စိတ်အေးအေးထားပါ နွမ်း ၊ ကိုယ်ပြောပြပါ့မယ် "

ဒါလင်က နွမ်းလက်ဖဝါးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း နှစ်သိမ့်သည်။ စိတ်အခြေအနေကိုလည်း ပြင်ဆင်ထားပြီးသားမို့ နွမ်းခေါင်းညိတ်မိလိုက်သည်။

" ကျွန်တော် စိတ်ရောဂါများဖြစ်နေတာလား ? "

" စိတ်ရောဂါမဟုတ်ဘူး ။ ဒါက မွေးရာပါပြဿနာတစ်ခုရယ်လို့တောင်မသတ်မှတ်နိုင်ပါဘူး နွမ်း ။ မင်းက သူမျာနဲ့မတူဘဲ မှတ်ဉာဏ်တအားကောင်းတယ် ။ အသက်က၁၀နှစ်ဆိုပေမဲ့ အသိဉာဏ် ၊ မင်းရဲ့စိတ်က ၁၆နှစ်လိုဖြစ်နေတ်ာဆိုတာကို သိထားတယ်မလား ? "

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now