PART [ 13 ]

1.3K 174 14
                                    

[ Zawgyi ]

"ဘယ်လိုလုပ်ရောက်လာတာလဲ ?"

အခန်းထဲအလုပ်လုပ်နေတုန်း ရေချယ်က ဧည့်သည်ချောချောလေးဟုဆိုသဖြင့် ထွက်ကြည့်လိုက်တော့ ဝဏ္ဏမြင့်မြတ်ဖြစ်နေလေသည်။

နံ့သာရောင်ရှပ်လက်ရှည်နှင့် အဖြုရောင်စတိုင်ပင်ဝတ်ထားတဲ့ ဝဏ္ဏမြင့်မြတ်က လူငယ်ဆန်ပြီး ဖော်ရွေဟန်လည်းရှိသည်။

အပေါ်ကနေ ကုတ်ကာကီရောင်ကို ထပ်ဝတ်ထားလိုက်တော့ IDOL တစ်ယောက်လို ဖက်ရှင်ကျပြီး ကြည့်ကောင်းနေသည်။

"ဒီဘက်ကိုလာရင်း မင်းဆီကိုလှည့်လာတာလေ။ အချိန်ရလား ဆိုင်တစ်ဆိုင်သွားရအောင်"

တကယ်ဆို ဝဏ္ဏနှင့် နွမ်းကြားမှာ ယခုလိုရင်းနှီးသည့်ဆက်ဆံရေးလည်း မရှိပါ။ ကျောင်းတတ်တုန်းကလည်း နှစ်ယောက်သားက မျက်မှန်းတန်းမိရုံအဆင့်သာ ။ မေးထူးခေါ်ပြောတောင်သိပ်ရှိတာမဟုတ်တာမို့ ယခုလို တရင်းတနှီးအခြေအနေကြီး နွမ်းအတွက်တော့ ထူးဆန်းနေသလိုဖြစ်နေသည်။

"အဆင်မပြေလို့လား?"

"အာ မဟုတ်ဘူး ၊ ရတယ် ၊ ရေချယ်ကို့သွားပြောလိုက်ဦးမယ်"

"ကောင်းပြီ"

ရေချယ့်ကို မှာပြီးနောက်မှာတော့ နွမ်းလည်း အပေါ်ကုတ်အဖြူလေးယူပြီး ထွက်လာလိုက်တော့ ဝဏ္ဏက ဆိုဖာပေါ်ထိုင်ရင်း စောင့်နေသည်။

အခန်းထဲ လဲ့ရည် တို့ကလည်း ခပ်ချောချောကောင်လေးတစ်ယောက်ဖြစ်တဲ့ ဝဏ္ဏကို ချောင်းကြည့်နေကြတာကောင့် နွမ်းမှာခပ်ရေးရေးပြုံးရင်း အရှေ့ကိုသာထွက်လာလိုက်သည်။

"ငါ့ကားနဲ့လိုက်ခဲ့လေ ၊ ဖြစ်တယ်မလား ?"

"ဖြစ်ပါတယ်"

ကားနှစ်စီးဆို ရှုပ်နေမှာဆိုးတဲ့အတွက်ကြောင့် နွမ်းလည်း ခေါင်းညိတ်လိုက်ပြီး ဝဏ္ဏရဲ့ကားနဲ့သာ လိုက်သွားလိုက်တော့သည်။

သူဌေးသားတစ်ယောက် ဖြစ်သည့်အလျောက် ကားကလည်း နာမည်ကြီးသလို ဈေးကလည်း အတော်လေးမြောက်မှန်းကို ရိပ်မိသည်။ ပြောင်းလဲ့နေပြီး ဝဏ္ဏရဲ့ အသွင်အပြင် လုပ်ပုံကိုင်ပုံကိုကြည့်ရုံနဲ့တင် အသန့်အပြန့်ကြိုက်ပြီး စမတ်ကျသူတစ်ယောက်ဆိုတာ နွမ်းသဘောပေါင်လိုက်သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now