PART [ 30 ]

1.4K 187 10
                                    

[ Zawgyi ]
 
"Flight စီစဉ်ထားတယ် ။ ကိုယ်တို့တစ်ခါတည်းသွားရုံပဲ"

နောက်ဆုံးတော့လည်း အားလုံး၏ဝိုင်းဝန်းနားချမှုကြောင့် နွမ်းမှာအေးချမ်းရိပ်မှပြန်ရန်အကြောင်းဖန်လာတော့သည်။ မေမေကလည်း ပြန်ဖို့ကိုသာ ခဏခဏပြောနေသလို ဖေဖေကလည်း ဟိုရောက်မှဆေးသေချာကုရန်ဆိုလာတော့ သူလည်း ဆက်ပြီးမငြင်းဖြစ်တော့ဘဲ ပြန်ရန်အတွက်လက်ခံလိုက်ရသည်။

၂ရက်ကြာတာတောင် အဖျားကမပြတ်ချင်သေးသလို ခေါင်းကလည်းအနည်းငယ်ကိုက်ခဲနေဆဲမို့ မတော်တဆရောဂါတစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိသည်။

ထို့အပြင် အလုပ်မအားသည့်ကြားက အနားနေပေးသော ဒါလင်ကိုလည်း အားနာတာကြောင့် ပြန်ဖို့ခေါင်းညိတ်လိုက်ရာ နေ့ချင်းညချင်းကို Flight စီစဉ်တော့သည်။

"ဒီတိုင်းလေယျာဉ်နဲ့ပြန်လဲဖြစ်တာပဲကို"

"လူအမျာနဲ့နေရမှာ နွမ်းကခေါင်းကိုက်နေတယ်မလား ။ အဆင်မပြေလောက်ဘူး"

ဆက်ပြီးဇောဒကတက်မနေတော့ဘဲ လက်ခံလိုက်ကာ ပြန်လာနီးမိဘတွေကိုသာ နှုတ်ဆက်လိုက်တော့ မေမေက မျက်ရည်လေးတစမ်းစမ်းလုပ်လာတော့သည်။

"နေကောင်းရင်ပြန်လာပါ့မယ်ဆိုနေ"

"ပြန်လာဖို့ကိုတွေးမပူနဲ့ ။ မေမေတို့လာခဲ့မယ်"

"တကယ်ကြီးလာမလို့လား ချွေးသိပ်တာလား?"

"တကယ်ပါဆိုနေ ဒီကောင်လေးကတော့"

မေမေကလက်မောင်းကိုရိုက်ပြီး ခပ်ပြုံးပြုံးဆိုတော့ နွမ်းလည်းရယ်မိလိုက်သည်။ မေမေကတော့ ကျန်းမာရေးကိုသာဂရုစိုက်ပြီး အလုပ်ကိုအာရုံထဲထည့်မထားဖို့ပြောလာသည်။

နှုတ်ဆက်ပြီးသည့်နောက်မှာတော့ ဒါလင်က သိုးမွေးခပ်ပွပွအနွေးထည်အရှည်ကို သော်ကဆီကလှမ်းယူရင်း ခြုံပေးလာသည်။

မေမေတို့ကတော့ ဂရုစိုက်ခံနေရသည့် သူ့အဖြစ်ကိုကြည့်ကာ သဘောတကျ။

အပြင်ထွက်လိုက်သည်နှင့် အနည်းငယ်ကျနေသေယ နှင်းများကြောင့် တအံ့တသြဖြစ်ရသည်။နေမကာင်းတာမို့ မွေ့ရာပေါ်မှာသာ အချိန်ကုန်ကာ အိပ်စက်နေသည့်အတွက်ကြောင့် နှင်းကျနေတာတောင် မသိလိုက်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now