PART [ 38 ]

1.4K 155 16
                                    

[ Zawgyi ]
 
Haney Moon ကို တခြားနေရာမသွားတော့ဘဲ နွမ်းက စံအိမ်၏ အနီးနားရှိသော ပင်လယ်ကိုသာ ရွေးချယ်လိုက်တော့သည်။ နီးလည်းနီး သူလည်းသဘောကျတာကြောင့် နွမ်းစိတ်တိုင်းကျသာ လိုက်လျောလိုက်သည်။

" ပစ္စည်းတွေ သေချာယူနော် ဒါလင် "

" ကိုယ်သယ်ထားပြီးပြီ "

" ဖျာပါပြီလား "

" ထည့်ထားပြီးသား အားလုံးပါတယ် "

"ဟိုရောက်မှ ကျန်ခဲ့ရင် ဆူမှာနော် "

နွမ်းက နှုတ်ကလည်း တတွတ်တွတ်ဆိုရင်း လှေကားပေါ်က ဆင်းလာသည်။

အဖြူရောင် ဘောင်းဘီတိုလေးကို Over Size တီရှပ်အဝါနုလေးနှင့် တွဲဖက်ထားသော နွမ်းက ဦးထုတ်အဝိုင်းလေးကိုလည်း ဆောင်းထားရင်း လည်ပင်း၌လည်း Camera လေးကို  လွယ်ထားသေး၏။

" ကြည့်ကောင်းရဲ့လား ?"

" Perfect "

" mwh ! "

အနားရောက်လာသည့် နွမ်းက ခံ့ညား ပါးကို အသံထွက်အောင်နမ်းသွားရင်း ထမင်းစားခန်းထဲသို့ ခပ်သွက်သွက်ဝင်သွားပြန်သည်။

ခံ့ညားမှာ သယ်ရမည့်ပစ္စည်းများကို ကားပေါ်တင်ရင်း အင်္ကျီ၌ ချိတ်ထားသော Sun glass ကိုဖြုတ်ကာတပ်လိုက်သည်။

သိပ်မကြာခင်မှာပဲ အိမ်ထဲမှထွက်လာသော နွမ်းက ဆွဲခြင်းကိုသယ်လာပြီး လှမ်းပေးတာကြောင့် ခံ့ညားလည်း ကားနောက်ခန်းထဲ၌ သေချာထည့်လိုက်ရသည်။

" အားလုံးတော့စုံပြီ "

" သွားတော့မလား ? "

" ခဏနေပါဦး ဘာကျန်လဲတွေးဦးမယ် "

နွမ်းက တွေးစစနှင့် လုပ်နေတာကြောင့် ခံ့ညားမှာဦးထုတ်အဝိုင်းလေးအား လက်ဖြင့်တောက်လိုက်တော့၏။

" ကျန်ခဲ့ရင်တောင် လာပေးခိုင်လို့ရတယ်လေ"

" သူများကို ဒုက္ခမပေးဘဲ တွေးကြည့်စမ်းပါဒါလင်ရယ် "

ခံ့ညားမှာ သဘောတကျပြုံးရင်း ခေါင်းသာညိတ်လိုက်ရသည်။ ပစ္စည်းအားလုံး စုံလင်ပြီဆိုမှ နွမ်းက အနားရောက်လာကာ ခပ်ရေးရေးပြုံးလာတာကြောင့် ခံ့ညားလည်း ကားတံခါးကိုဖွင့်ပေးလိုက်၏။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now