PART [ 15 ]

1.3K 148 5
                                    

[ Zawgyi ]
 
"ဒါလင် ဘယ်လိုလုပ်ရောက်လာတာလဲ?"

ကြည်ဖြူကို ဆရာဝန်က စစ်ဆေးပေးပြီးနောက်အခန်းထဲကထွက်လာတုန်း ရုတ်တရက်မြင်လိုက်ရတဲ့ ဒါလင်ကြောင့် နွမ်းကြောင်တောင်တောင်ဖြစ်သွားရသည်။

အပေါ်ကုတ်အရှည်ကို သေသေသပ်သပ်ဝတ်ထားရင်း ဆံပင်ကိုလည်း သေချာဖီးသင်ထားတဲ့ ဒါလင်က အရပ်ရှည်ရှည်ဖြင့်လူကြားထဲထင်းနေတာကြောင့် ဘေးနားက သူနာပြုလေးတွေကလည်း စိတ်ဝင်တစား။

"ထိခိုက်မိသေးလားနွမ်း"

သို့သော်လည်း ဒါလင်က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မနေဘဲ နွမ်းဆီကိုတည့်တည့်လာရင်း လက်ကောက်ဝတ်ကိုကိုင်ကာ တစ်ကိုယ်လုံးကို ကြည့်ရှု့စစ်ဆေးသည်။

"မထိခိုက်ပါဘူး ၊ ကြည်ဖြူကို ဘာကောင်းမှန်းမသိကိုက်သွားလို့ ဆေးရုံကိုအမြန်လာခဲ့တာ"

"အဆင်ပြေလား?"

"အင်း စိတ်ပူစရာမရှိပါဘူး ၊ အဆိပ်သိပ်မရှိတဲ့ ပင့်ကူတစ်မျိုးပါ ၊ ခုတော့ကောင်းသွားပြီ"

အကိုက်ခံရတဲ့နေရာက ရဲတက်လာပြီး သွေးလည်းစို့နေတော့ ကြည်ဖြူလည်း အတော်လေးလန့်သွားရှာသည်။

သို့သော်လည်း ဆေးရုံရောက်လို့စစ်ဆေးပြီးချိန်မှာတော့ အဆိပ်ရှိသတ္တဝါမဟုတ်ဘဲ သာမာန်ပင့်ကူကိုက်တာဖြစ်နေတာမို့ သူတို့လည်း စိတ်အေးသွားရ၏။

"ကိစ္စကရော အဆင်ပြေလား?"

"ပြေတယ် ဒါလင် ၊ အားလုံးပြန်ခါနီးမှဖြစ်တာလေ ၊ သူတို့တွေတောင်ပြန်နေလောက်ပြီ ၊ ကလေးတွေကိုတော့ ပစ္စည်းတွေသိမ်းပြီး ပြန်ခိုင်းထားတယ်"

"အင်း ပြီးသွားတယ်ဆိုရင်တော့ ကောင်းတာပေါ့ ၊ နောက်တစ်ခေါက် အန္တရာယ်ရှိတဲ့နေရာတွေကို ဘယ်တော့မှသွားမရိုက်ရဘူး နွမ်း "

"သိပါတယ် ဒါလင်ရယ် ၊ ဒါနဲ့ ဘယ်လိုလုပ်ရောက်လာတာလဲ ၊ ကျွန်တော်ဆေးရုံမှာရှိမှန်း"

ဒါလင်ကတော့ ဘာမှမပြောပေမဲ့ နောက်မှာပါတဲ့ သော်က ,က ပြုံးပြနေတာမို့ နွမ်းသဘောပေါက်လိုက်သည်။ ထုံးစံအတိုင်း ဒါလင်က နောက်ကနေ လူတွေထည့်ထားပြန်ပြီထင်၏။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now