PART [ 27 ]

1.2K 162 7
                                    

[ Zawgyi ]
 
နှစ်အတန်ကြာမှအိမ်ပြန်လာရတဲ့အပေါ် နွမ်းတော့ အလွန်သဘောကျရသည်။ခါတိုင်းလို အထီးကျန်သော ခံစားချက်ကို မခံစားရတော့ဘဲ မိဘနှင့်တရင်းတနှီးနေရကာ နွေးထွေးသော အသိုက်အမြုံကြောင့် စရောက်လာသည့်နေ့ကတည်းက ပျော်ရွှင်နေပြီး ယခုထိကိုစိတ်ညစ်စရာ လုံးဝမရှိ။

မေမေချက်ပြုတ်သည့်အခါမျိုးတွင် ပါဝင်ကူညီတ်သလို ဖေဖေပျင်းနေသည့်အခါမျိုး၌ ဝါသနာပါရာ ဓာတ်ပုံလောကအကြောင်းကို ဆွေးနွေးလေ့ရှိသည်။

ထို့အပြင် နေ့တိုင်းမပျက်မကွက် ဖုန်းဆက်တတ်သော ဒါလင်ကလည်းရှိသေးသည်။

"ဘယ်သွားမလို့လဲမေမေ"

"ဈေးဝယ်သွားမလို့လေမြတ်သာ ။ ဘာမှာဦးမလဲ?"

"ကျွန်တော်လိုက်ခဲ့မယ်"

"အမယ် အထူးအဆန်းဈေးလိုက်မယ်ဆိုပါ့လားတော်"

ခပ်ပြုံးပြုံးနှင့် ဆိုလာသော မေမေက ထမင်းစားခန်းထဲသို့ဝင်ကာ လိုအပ်သည်များကို ကြည့်လေသည်။ ဝယ်စရာကိုစာရင်းမှတ်ပြီးမှ အပြင်ပြန်ထွက်လာတော့ သူလည်း ကားသော့ကိုယူလိုက်တော့သည်။

"အိမ်မှာနေရတာ ပျင်းစရာကြီးလေမေမေရယ်။အပြင်လေးတော့ထွက်သင့်တာပေါ့"

"ဟုတ်ပါပြီရှင် လိုက်မယ်ဆိုလဲသဘောပဲ"

ဖေဖေက အပေါ်ထပ်တွင် အိပ်နေသည်မို့ သားအမိနှစ်ယောက် တံခါးကိုသေချာပိတ်ရင်း ကားဖြင့်ထွက်လာခဲ့သည်။

ဈေးဝယ်ရမည့် Market က သိပ်တော့မဝေးလှ။ ၁၀မိနစ်ခန့်ကားမောင်းရုံဖြင့် ရောက်ရှိသွားကာ ကုန်တိုက်တစ်ခုနီးပါးလည်း ကြီးမားသေးသည်။

"မရောက်တာကြာလို့တော့မသိဘူး ၊ မြင်ရတာအထူးအဆန်းချည်းပဲ"

"အရင်ကထက်တောင်ဆိုင်တွေစုံလာတယ်။သားကဘယ်သိမလဲ ဒီမှာနေတာခပ်ရှားရှားကို"

"မေမေစိတ်ကြိုက်ဝယ် ။ ကျွန်တော်အထုတ်ဆွဲပေးမယ်"

မေမေက နွမ်းလက်မောင်းကိုချိတ်ဆွဲကာ သဘောတကျဖြင့် Market ထဲသို့ဝင်လာလိုက်ကြသည်။ တစ်ဦးတည်းသောသားမို့ မေမေကသူ့ကို အတော်ချစ်သလို ဆန္ဒမှန်သမျှလိုက်လျောပေးသော မိခင်တစ်ယောက်လည်းဖြစ်၏။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now