PART [ 6 ]

1.6K 203 21
                                    

[ Zawgyi ]
 
ကားပေါ်က ဆင်းပြီးတာနဲ့ အိမ်ထဲဝင်လိုက်တော့ အိမ်ထိန်းအမျိုးသားဦးမော်ခီက အပြေးအလွှားဆီးကြိုလာသလို ဘေးနားမှာလည်း ဆင်တူဝတ်ဆင်ထားတဲ့ အမျိုးသမီးနှစ်ယောက်ကလည်း အရိုအသေပြုရင်း ရပ်နေကြသည်။

"အစ်ကိုလေး မြတ်သာ ၊ ဦးလေးတို့ကမျှော်နေတာ"

နွမ်းက လေတိုက်သွားတာကြောင့် လွင့်သွားတဲ့ ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့သပ်တင်ကာ အိမ်ထိန်းဦးမော်ခီကို ပြုံးပြလိုက်သည်။

"အလုပ်ကိစ္စတွေရှုပ်နေလို့ပါဦးလေး၊ ဒါလင်ပြန်ရောက်ပြီလား?"

"ကိုခံ့ညားက ပြန်မရောက်သေးဘူး ၊ ခဏနေရင်တော့ရောက်မယ်ထင်တယ် "

"အာ ဟုတ်ပြီ"

"ဒီမှာနေမှာလား အစ်ကိုလေးမြတ်သာ  ဦးလေးပြင်ဆင်ပေးမယ်လေ"

္နွနွမ်းက ခေါင်းခါရင်း အိမ်ထဲဝင်လိုက်တော့ အိမ်ထိန်းနဲ့အမျိုးသမီးနှစ်ယောက်ကလည်း နောက်ကနေ တကောက်ကောက်လိုက်လာလေသည်။

"ဒါလင်နဲ့တွေ့ရအောင်လာတာ ၊ ခဏပါပဲ"

"ဟုတ်ကဲ့ပါ ၊ ညစာတော့စားသွားမှာမလား?"

"အင်း စားသွားမယ် "

သွားနေရင်းမှ နွမ်းက တစ်ခုခုကိုသတိရသွားပြီး ခြေလှမ်းတွေကိုရပ်တန့်ပစ်လိုက်ပြီး နောက်ဘက်ကိုလှည့်ကြည့်လိုက်သည်။

"ကားကိုဒါလင်မမြင်အောင်လုပ်ထားပေးပါ။ကျွန်တော်ရောက်လာတယ်ဆိုတာကိုလဲ မပြောနဲ့နော် ၊ သူအံ့သြသွားအောင်လုပ်မလို့"

"ဟုတ်ကဲ့ပါ ဦးလေးလုပ်ထားလိုက်ပါ့မယ်"

"အင်း လုပ်စရာရှိတာလုပ်ပါ ကျွန်တော်အပေါ်တက်လိုက်ဦးမယ်"

"ကောင်းပါပြီ"

အပေါ်တက်သွားတဲ့ နွမ်းကိုကြည့်ပြီး အိမ်ထိန်းကတော့ ဘေးနားက ကောင်မလေးတွေကို အကောင်းဆုံးညစာပြင်ထားပေးဖို့ သတိပေးထားလိုက်ပြီး အိမ်ပြန်ခပ်သွက်သွက်ထွက်သွားကာ အစောင့်တွေကို ကားသေချာသိမ်းထားဖို့ကို အမြန်မှာလိုက်ရသည်။

နွမ်းကတော့ ကျယ်ဝန်းကာ ခမ်းနားလှတဲ့ လှေကားကြီးကို အေးအေးလူလူပဲတက်လာပြီး ဒါလင့်ရဲ့အခန်းကိုပဲ ဦးတည်လိုက်တော့သည်။

𝐃𝐀𝐑𝐋𝐈𝐍𝐆Where stories live. Discover now