Chapter - 5

4.4K 644 12
                                    


『Unicode 』

အခန်း ( ၅ ) : ကျိနင် ၊ ဒီကို ထပ်မလာနဲ့တော့။

※※※※※※※※※※※※※※※※※※※※



လက်တုန်သွားတာကြောင့် ကျွန်တော့်ဇွန်း အောက်ကို ပြုတ်ကျသွားခဲ့ရသည်။ တစ်ခုချင်းဆိုရလျှင် သခင်လေးကျင်​၏အမူအရာနှင့် လေသံ ဘာတစ်ခုမှ မှားယွင်းနေတာမရှိသော်လည်း အတူတကွ ပေါင်းစည်းလိုက်သော် မိမိသွေးတို့ကိုချက်ချင်း အေးစိမ့်သွားစေ​၏။

" တောင်းပန်ပါတယ်.... "

ကျွန်တော် အမြန်ငုံ့၍ ကောက်လိုက်စဉ် စားပွဲအောက်၌ စပ်စပ်စုစုမျက်ဝန်းတစ်စုံဖြင့် မိတ်ဆက်လိုက်ရသည်။

ကျင်မိသားစု​၏ သားငယ် ကျင်ယွမ်ပေါင်က မမျှော်လင့်စွာပဲ စားပွဲအောက်ရောက်နေခဲ့သည်။ ထိုအခိုက်ဝယ် သူကကျွန်တော်ခြေထောကဘေးမှနေ၍ ဇွန်းကိုပင် ကူကောက်ပေးလိုက်သေး​၏။

" ကျေးဇူးပါ " အံ့ဩဘနန်းနှင့် ကျွန်တော် ကျေးဇူးတင်စကားပြောလိုက်ပြီး သူ့ထံမှ ဇွန်းကိုယူလိုက်သည်။

" ကျွန်တော် မင်းကို မနေ့ညကမြင်တယ်။ စတိတ်ပေါ်မှာ "

ကျင်ယွမ်ပေါင်က ၇နှစ်၈နှစ်အရွယ်တစ်ယောက်ဖြစ်ပြီး အလွန့်အလွန်ဝိုင်းစက်နေသော ခေါင်းလေးရှိသည်။ စကားပြောစဉ်၌ အတော်အတန် ပါးနပ်သည့် သွင်ပြင်ပေါက်သော်လည်း ပါးစပ်ကိုဖွင့်လိုက်သောအခိုက်တွင်မူ ထက်မြက်သည့်ဟန်မပေါ်တော့ပေ။

" အင်း... ငါက Cello တီးတယ်လေ။ " ကျွန်တော် ပြောလိုက်သည်။

" Cello ? " သူက နံရံမှာ ထောင်ထားသော တူရိယာအတန်းလိုက်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက်ကြီး မျက်လုံးတွေကွေးသွားအောင် ပြုံးလိုက်ပြီး : " ကျွန်တော် Cello ကိုကြိုက်တယ်။ "

သူ့အပြုံးက နုနယ်အပြစ်ကင်း၍ အတ္တဟူသည် အနည်းငယ်မျှမပါဝင်။ အစောပိုင်းက သူ့ရုပ်ရည်ဟာ သူ့အဖေဖြစ်သူ၊အစ်ကိုဖြစ်သူတို့နှင့် တစ်နည်းတစ်ဖုံဆင်တူနေသေးသည်ဆိုလျှင်တောင် သည်အပြုံးကတော့ မတူညီတော့ပါချေ။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now