Chapter - 21

3.9K 643 54
                                    



『Unicode 』

အခန်း ( ၂၁ ) : အလကားမဖြစ်စေနဲ့

※※※※※※※※※※※※※※※※※※※※



အော်ခယ့်လန် ကျွန်းကို ပြန်ရောက်ပြီးကတည်းက ရန်ချင်းကျွမ်းတစ်ယောက် ကျွန်းမှာ မနေတော့ပေ။ ချန်ချောင်ကတော့သူ အော်ခယ့်လန်ကို ရှောင်ပုန်းနေတာဖြစ်ကြောင်း ပြောသော်လည်း ကျွန်တော်မထင်ပါ။ ကျွန်တော့်ကို ရှောင်တာသာ ဖြစ်လောက်မည်။

ရက်အနည်းငယ်လောက် အေးဆေးနေပြီးနောက် ကျွန်တော်ဟာ ကင်မရာအောက်မှာ အေးအေးလူလူနှင့် အိပ်တတ်ခဲ့ပြီပင်။ ထိုညနေမှာပင် ချန်ချောင်က ရုတ်တရက်ကြီး ကျွန်တော့်ကို လာခေါ်၍ ရန်ချင်ကျွမ်းက ကျွန်တော်တို့ကို ချုန်းဟိုင်လာခဲ့ဖို့ ပြောနေကြောင်း အသိပေးလာ​၏။

သည်ကိစ္စက အရေးတကြီးဖြစ်လာပြီး ထူးဆန်းနေသောကြောင့် ကျွန်တော့်မှာ ထုံးစံအတိုင်း မေးခွန်းရှိလာသည်။သို့သော်ချန်ချောင်က သိပ်မသိခဲ့ပေ။ ကြည့်ရတာ နောက်ကွယ်မှာ ခုံထန်ရှိနေပြီး အရင်တစ်ခေါက်က ပြန်ပေးဆွဲမိ၍ တောင်းပန်ချင်တာ ဖြစ်ပုံရကြောင်းသာ ဆိုလာ​၏။

ရန်ချင်းကျွမ်းကို ဒီလိုမျိုးပစ်မှတ်ထားနေသော ခုံထန်အဖို့ သူ နားလည်ပြီး ခေါင်းငုံ့တောင်းပန်ရန် မဖြစ်နိုင်ပေ။ ကျွန်တော်တွေးကြည့်ပြီးမှ စကားပြောဖူးခဲ့သောကျင်ဖေးရှန်းသာ ဖြစ်နိုင်ကြောင်း ခံစားမိ​၏။ဘာပဲဖြစ်ဖြစ် သူတို့ကဲ့သို့ အုပ်စုအဖွဲ့အစည်းကြိးက ခိုင်မာလှသော " မိသားစု " ဆက်ဆံရေးအပေါ်မှာ အားကိုးနေရတာပင်။ သူတို့နှစ်ယောက်ဟာ နောက်နောင်မှာ ကျင်ချန်ယွီ​၏ ကိစ္စများအား ကူညီပေးရမည်ဖြစ်၍ အမြဲတစေ သူတို့​၏ အပေါ်ယံကရုဏာကိုလဲ ထည့်တွက်ပေးရမည်ဖြစ်​၏။

သူဌေး​၏ မျက်နှာကြောင့် သူတို့နှစ်ယောက်ဟာ အတွင်းမှာ မနှစ်မြို့နေရင်တောင် " ပြန်လည်သင့်မြတ်ခြင်း " ဖြစ်စဉ်တစ်ခုလုံးကို နာခံစွာနှင့်ဖြတ်သန်းကြရမည်ပင်။

လှိုင်းကငြိမ်ပြီး ရွှက်လွှင့်ရတာလဲ ချောမွေ့​ခဲ့၏။ ချန်ချောင်နှင့်ကျွန်တော် ချုန်းဟိုင် ဆိပ်ခံသို့ရောက်သောအခါ မှောင်ရိပ်ဖျိုးဖျဖြစ်နေခဲ့ပြီ။ ကျွန်တော်တို့ လှေပေါ်က ဆင်းလိုက်သည်နှင့် ရန်ချင်းကျွမ်း​၏ နက်ပြာရောင်SUVက လမ်းဘေးမှာ ရပ်ထားတာအား မြင်လိုက်ရ​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now