Chapter - 6

4.1K 634 9
                                    


『Unicode』

အခန်း ( ၆ ) : ငါ့မှာ သူငယ်ချင်းမရှိတာ မဆန်းပါဘူး။

※※※※※※※※※※※※※※※※※※※※



ကျွန်တော် ငယ်စဉ်ဘဝတုန်းက သူမမျှော်လင့်သလောက် ကျွန်တော် မဖြစ်ထွန်းလာဘူးထင်တိုင်း အမေကကျွန်တော့်ကိုရိုက်တတ်သည်။

သူ ကျွန်တော့်လက်ကိုရိုက်လျှင် Celloမလေ့ကျင့်နိုင်တော့။ သူ ကျွန်တော့်ခြေထောက်ကိုရိုက်လျှင် လမ်းမလျှောက်နိုင်တော့။ သို့နှင့် သူမက ကျွန်တော့်ကျောပြင်ကိုသာရိုက်တော့သည်။

သူမက ကျွန်တော့်ကို ကြမ်းပြင်မှာ ဒူးထောက်စေလျက် ကျောပေါ်လာစေရန် ထိုင်ခုံကို မှီခိုင်းတတ်သည်။ ပြီးလျှင်စိတ်ကျေနပ်သည်အထိ ကျွန်တော့်ကိုခါးပတ်နှင့်ရိုက်လေသည်။

ကျွန်တော့်ညီမလေးက ကျွန်တော် အရိုက်ခံရတာကိုမြင်လျှင် အမြဲတမ်းငိုယိုပြီး အမေမလှုပ်နိုင်အောင် တွယ်ကပ်လျက်ကျွန်တော့်ကို ကာကွယ်ဖို့ ကြိုးစားတတ်သည်။ သို့သော် သူမ မသ်ိသည်မှာ အမေသည် ကျွန်တော့်ကို အလွန့်အလွန်ဒေါသထွက်၍ စိတ်ပျက်လွန်းမှသာ ရိုက်တတ်လေ့ရှိတာပင်။ သူမဟာ ပုံမှန်သူမ မဟုတ်တော့ ၊ အကျိူးသင့်အကြောင်းသင့်လဲမရှိတော့ပဲ သူမကို ပို တားမြစ်လေလေ၊ ပိုရိုက်လေလေဖြစ်ပါ​၏။

နောက်ဆုံးတွင်မူ အမေက ကျွန်တော့်ကို ရိုက်တော့မည်ဟု ထင်မိတိုင်း ညီမလေးအား အပြင်ခဏထွက်စောင့်ဖို့ ကျွန်တော်ပြောတတ်သည်။ ကိစ္စတွေပြီးသွားမှ ကျွန်တော် တံခါးပေါက်ဖွင့်ပေးကာ သူမကို ဝင်ခွင့်ပြုသည်။ တစ်ခါက အမေကျွန်တော့်ကို အနည်းငယ် ပြင်းထန်စွာရိုက်ဖူး​၏။ သူမမှာ ဒေါသထွက်လွန်းလို့ ခါးပတ်ပင်ရှာချိန်မရတော့သဖြင့်တံမြက်စည်းရိုးတံနှင့် နှစ်ချက် ရိုက်ခဲ့သည်။

တတိယမြောက်အချက်တွင် ရိုးတံက ကျိုးမသွားသော်လည်း တံမြက်စည်း​၏ ထိပ်တစ်ခုလုံး ပြုတ်ထွက်သွား​၏။ ထိုအချင်းအရာကြောင့် သူမ လက်လွန်သွားပြီဟု ခံစားရမိ၍ပေလား ၊ ဆက်ရိုက်မည့်အစား တံမြက်စည်း​၏ အတိုအထွာတွေကို အောက်ပစ်ချကာ အခန်းထဲဝင်သွားပြီး တံခါးကိုဆောင့်ပိတ်သွားတော့သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now