Chapter - 70

4.2K 676 20
                                    

『Unicode』

အခန်း ( ၇၀ ) : ပွဲကောင်းလေးတစ်ပွဲ စပေးတော့မယ်။

※※※※※※※※※※※※※※※※※※※※



​နားထဲဝင်လာသော ကလေးတစ်ယောက်​၏ ကြိတ်ငိုသံနှင့် ကျွန်တော် ရီဝေနေရာမှ နိုးလာခဲ့သည်။ ခေါင်းက လေးလံ၍မြင်ကွင်းက ဝေဝါးကာ သိစိတ်တို့ကလဲ မရှင်းလင်းပေ။

" မင်းက ဘာလို့ ငိုနေတာလဲ ? ငါမင်းကို ပန်းသီးပေးမထားဘူးလား ? စားလေ "

ဒီအသံ....

အမြင်အာရုံနည်းနည်းချင်း ရှင်းလင်းလာသည်နှင့် ပထမဆုံးမြင်လိုက်ရသည့်အရာမှာ ရှုပ်ထွေးနေသော ကိရိယာတစ်ခုပင်——မီးခိုးရောင် ပလတ်စတစ် အပိုင်းတစ်ခုနှင့် ချိတ်ဆက်ထားသော ဝိုင်ယာကြိုးရောင်စုံ ခြောက်ကြိုး။ ပလက်စတစ်​၏အလယ်၌ အီလက်ထရွန်နစ်စခရင်တစ်ခု မြှုပ်ဝင်နေပြီး နီရဲနေသော " နံပါတ် ၂ " ဆိုသည်ကို ပြသထား​၏။ ကျွန်တော့်ကိုစကော့တိတ်ဖြင့် ကိရိယာနှင့် တောင့်နေအောင် ချည်ထားသည်။

ကိုယ်တိုင်ကိုယ်ကျမကြုံဖူးသော်လည်း တွေ့မြင်ဖူးပါသည်။ ဒါက ဘာဖြစ်နိုင်သလဲဆိုတာကို သဘောပေါက်လိုက်သည်နှင့် ကျွန်တော် ချက်ချင်းနိူးကြားသွားကာ ဦးရေပြားတွေ ပေါက်ကွဲလုမတတ်ဖြစ်သွားရသည်။

ရုတ်ခြည်း မော့ကြည့်မိရာ Safe Houseမှာပဲရှိနေသေးမှန်း သိလိုက်ရသည်။ လိုက်ကာအားလုံးကို ဆွဲချထားတာကြောင့်အခန်းက အလွန်အမင်းမှောင်နေ​၏။ ကျွန်တော့်ခန္ဓာကိုယ်ကို တိတ်များဖြင့် ပတ်ထားရာ ပါးစပ်ကိုပင် ချမ်းသာမပေး။ကျွန်တော်ဟာ ထမင်းစားပွဲက ထိုင်ခုံမှာ တစ်ယောက်တည်း ချည်ခံထားရပြီး လှုပ်လို့မရပေ။

ဟောက်ဟောက်က မလှမ်းမကမ်းရှိဆိုဖာမှာ ထိုင်နေပြီး ပန်းသီးအနီလေးကို ကိုင်ထားလျက်ရှိသည်။ သူသည် ငိုချင်နေသည့်ပုံစံပေမယ့် ကျယ်ကျယ်လဲ မငိုရဲရှာသလို မျက်နှာသေးသေးလေးက ထိန်းချုပ်မှုကြောင့် နီမြန်းနေ​၏။

ကံကောင်းစွာနှင့် အနည်းငယ် ရဲစွေးယောင်ယမ်းနေသော မျက်ဝန်းများမှ လွဲလျှင် သူ့ခန္ဓာကိုယ်မှာ တခြားထိခိုက်ဒဏ်ရာတွေ မမြင်ရပါချေ။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now