Chapter - 40

3.7K 661 21
                                    

『Unicode 』

အခန်း ( ၄၀ ) : သူ့မှာ ဆုတ်စရာလမ်းမရှိဘူး။

※※※※※※※※※※※※※※※※※※※※



သူက ကျွန်တော့်ကို တင်းတင်းဖက်တွယ်ထား၍ ခန္ဓာကိုယ်တစ်ခုလုံး သူ့အပေါ်ပိကျနေကာ သူ့ရင်ဘတ်မှတဆင့် နှလုံးခုန်သံကိုပင် ခံစားရမိသည့်နှယ်။

မိနစ်ပေါင်းများစွာတိုင် ၊ ကျွန်တော်တို့ အသံတိတ်လျက် အချင်းချင်း ဖက်ထားခဲ့မိ​၏။ အဆက်မပြတ် ကျဆင်းနေသောရေသံနှင့် တိုးညှင်းသော အသက်ရှုသံများသာ နားထဲမှာ ကြားနေရသည်။

ကျွန်တော် မရုန်းဝံ့သလို အသက်ပင်ရဲရဲမရှုဝံ့။ ယခုမှ ကျွန်တော့်ရှေ့တွင် အားနည်းချက်ကို ပြသလာပြီး သတိလျှော့ထားသော အနှီသားရဲကြီးအား လှန့်မိသလို ဖြစ်သွားမှာ ကြောက်မိ၍ပင်။

အခိုက်အတန့်တစ်ခုဝယ် ၊ ကျွန်တော်ဟာ သူ့ကို ကျင်မိသားစုထံမှ ထွက်သွားဖို့ ပြောရန်ပြင်လိုက်​၏။ သို့သော် ပါးစပ်ဟလိုက်မိသောအခါ ဘယ်လို နေရာ ၊ ဘယ်လို အထောက်အထားကနေ သူ့ကို ဖျောင်းဖျသင့်သလဲ မသိ ဖြစ်သွားရသည်။အတန်းဖော် လား ? ပြဿနာရှိဖူးခဲ့သော အတန်းဖော်ဟောင်းတစ်ယောက်အနေနှင့်လား ? တွေးကြည့်ရုံဖြင့်ပင်ရယ်စရာကောင်းနေပေပြီ။

ပြီးတော့... အကယ်၍ သူ့မှာ တခြားအထောက်အထားရှိနေလျှင် ၊ အနှီအထောက်အထားက ကျင်မိသားစုအား ဆန့်ကျင်နေပါလျှင် ၊ ယခု သူရွေးချယ်သမျှ အရာအားလုံးဟာ သူ့ကိုယ်ပိုင်ရွေးချယ်မှုမျှသာ မဟုတ်ပေ။

တဖြည်းဖြည်းနှင့် ကျွန်တော့်ကျောပေါ်ရှိလက်က ဖယ်သွားကာ သူ ကျွန်တော့်ကို လွှတ်ပေးလိုက်၍ ကျွန်တော်တို့အနည်းငယ် နောက်ဆုတ်လိုက်ကြသည်။

ကျွန်တော်တို့ မျက်လုံးချင်း ဆုံသွားသည့်တဒင်္ဂ၌ သူ့မျက်လုံးထဲမှာ ရဲနေတာကို ကျွန်တော် သတိပြုမိလိုက်​၏။ ပြီးလျှင်မျက်လုံးထဲတွင် ရှုပ်ထွေး၍ခန့်မှန်းမရနိုင်သော အရာများက ပိုနက်ရှိုင်းလာလျက်။ ကြက်ခွပ်အလွှာတွေကို ဖြတ်၍ ရေအောက်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော နေရောင်အောက်က ရေအိုင်ကဲ့သို့ သူ့ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ဖို့ခက်ခဲလှပါ​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now