Chapter - 8

4.3K 646 26
                                    

『Unicode 』

အခန်း ( ၈ ) : ကျိနင် မင်း ဘာလုပ်ချင်နေတာလဲ။

※※※※※※※※※※※※※※※※※※※※




ကျွန်တော့်​၏ Celloသင်ခန်းစာမှာ သခင်လေး ကျင်ယွမ့်ပေါင်​၏ အင်္ဂလိပ်သင်ခန်းစာများ ပြီးဆုံးမည်ဖြစ်သည့် မွန်းလွဲပိုင်းမှာ သတ်မှတ်ထားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူ့အသက်အရွယ်နှင့် cello စသင်ဖို့ နည်းနည်းနောက်ကျနေပြီဖြစ်သော်လည်း ကျင်မိသားစုကသူ့ကို ဂီတသမားတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်၍ သင်ခန်းစာသင်ယူခိုင်းခြင်း မဟုတ်တာဖြစ်တန်ရာ​၏။ ဘာပဲဖြစ်ဖြစ် ဒါဟာ သာမန်ညောင်ညမျှသာ ; အဓိကမှာ သူ​၏ခံစားချက်ကို ပျိုးထောင်ပေးပြီး အနုပညာခံစားတတ်သည့် အရည်အသွေးကို မြေစာထည့်ပေးခြင်းပင်။

ကနဦးနာရီများတွင်တော့ သခင်ငယ်လေးကျင်က Celloကို လွန်စွာစိတ်ဝင်စားနေဆဲ။ ကျွန်တော်က သူ့ကို ကြိုးကြိုးစားစားသင်ပေးသောအခါ သူကလဲ ပျော်ပျော်ကြီး သင်ယူပါ​၏။ သို့သော် အချိန်ကြာလာသည်နှင့် ထပ်တလဲလဲလှုပ်ရှားချက်တွေ တိုးလာသော် သူက စိတ်မရှည်တော့ပေ။

Cello ဟာ ချက်ချင်း ကျွမ်းကျင်နိုင်သည့် အရာမဟုတ်။

ပထမ အသစ်အဆန်းဖြစ်သောစိတ် ပျောက်သွားလိုက်သည်နှင့် ကောင်းကောင်း ရပ်တည်နိုင်စေရန် ချွေး၊ ပြင်းပြစိတ်၊ ဇွဲ ၊လုံ့လဝီရိယတို့ဖြင့် ကြိုးစားအားထုတ်မှုကို အားကိုးရမည်ဖြစ်သည်။ သခင်ငယ်လေးက ပြင်းပြစိတ်ရော ဇွဲလုံ့လပါ နှစ်မျိူးလုံး မရှိနေတာသိသာပါ​၏။ Celloသည် သူ လေ့လာနိုင်သည့်အရာမဟုတ်ပါလေ။

သခင်လေးသည် သူ​၏လက်တွေ ဘယ်လောက်နာတယ် ၊ သူဘယ်လောက် ဗိုက်ဆာတယ်နှင့် သူ ဘယ်လောက် အဆာပြေမုန့်ကို တမ်းတနေတယ် စသည်ဖြင့် အရှက်မဲ့စွာ စောဒကတက်လေရာ ကျွန်တော့်မှာ သင်ခန်းစာကို ရပ်လိုက်ရတော့သည်။ယာယီ အနားယူရင်း အိမ်တော်ထိန်းဖုန်းအား သူ့ကိုကျွေးရန် အချိုပွဲနှင့် နို့တချို့ယူလာပေးခိုင်းလိုက်သည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now