Chapter - 35

3.8K 628 71
                                    

『Unicode 』

အခန်း ( ၃၅ ) : ကျွန်တော် ဘာကြောင့် သူ့ကို နမ်းမိသလဲ မသိဘူး။

※※※※※※※※※※※※※※※※※※※※


Warning / NSFW

ရန်ချင်းကျွမ်းက ကျွန်တော်ဆန့်ထားသောလက်ကို စိုက်ကြည့်နေပြီး လှုပ်ရှားမှုတစ်စုံတစ်ရာမရှိ။

ရေတွေ ခေါင်းပေါ် စီးကျလာပြီး ကျွန်တော့်အမြင်ကို ပိတ်ဆို့လိုက်​၏။ ကျွန်တော် မျက်နှာကို သုတ်ပစ်ရင်း ရုတ်တရက်ကြီး ခွေးလိုခံစားလာရသည်။ မိုးမိပြီးနောက် ခြေထောက်ကြားမှ အမြှီးလေးနှင့် နားခိုရန် နေရာလှည့်ပတ်ရှာနေပြီး မိမိအားလက်ခံမည့်ပုံရသည့် အမိုးအကာကို တွေ့လိုက်သည့်တိုင် အနားတောင် မကပ်ရသေး မနှစ်မြို့စွာ ကန်ထုတ်ခံရ​၏။

ဒီလိုအခြေအနေအထိ ဘယ်လိုများရောက်လာတာလဲ ?

ကျွန်တော် လက်တွေကိုချ၍ ကြွေပြားကို နဖူးနှင့် တိုက်လိုက်မိသည်။ မျက်လုံးတွေမှိတ်ရင်း ရေရွတ်မိသည်က : " အရမ်းပူတယ်... ငါသေတော့မှာ... ငါမကြာခင် သေတော့မှာ "

ကင်ဆာဆဲလ်တွေကြောင့် ကျွန်တော်ဟာ တစ်စနှင့်တစ်စ ဆုတ်ယုတ်လာတာဖြစ်သော်လည်း ယနေ့တွင်တော့ အနှီသောက်ကျိုးနည်း ယင်းဟွားကြောင့် သေဆုံးရတော့မည်။

ဦးနှောက်ကင်ဆာကြောင့် သေရခြင်းက အသေကောင်းမဟုတ်သည်တိုင် မွန်းကျပ်၍ အပူတက်သေခြင်းကလဲ ပိုတော့ မကောင်းနေပေ။ကျွန်တော် ဒီလိုသေသွားမှန်း အမေသာသိပါက သေချာပေါက် ကျွန်တော့်ပြာတွေကို ပင်လယ်ထဲ မျောပစ်လိမ့်မည်။

" မင်းအရင် ထွက်လာခဲ့ " ရန်ချင်းကျွမ်းက ကျွန်တော့်ထံလျှောက်လာ၍ ရေချိုးပန်းကို ပိတ်ရန် လက်လှမ်းလိုက်​၏။

သူ ကျွန်တော့်ရှေ့ နီးလာသည်ကိုတွေ့လျှင် ဘယ်က အပိုအားတွေ ထွက်လာသလဲမသိ။ လျှပ်တပြက်အတွင်း ကျွန်တော်ဟာ အခွင့်ကောင်းကို တွေ့ကာ သူ့လက်ကောက်ဝတ်မှဆွဲ၍ သူ့က်ုပါ ရေချိုးခန်းထဲ ဆွဲသွင်းလိုက်​၏။

သူလဲ ဟန်ချက်ပျက်ကာ လဲကျလာသည်။ သူ့လက်ချောင်းတွေက ဘာကိုမှ လှမ်းမဖမ်းမိပဲ မှန်တံခါးပေါ်ထောက်ကာသူက ကျွန်တော်ထံကို ဘောလုံးတစ်လုံးလို ပြုတ်ကျလာသည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now