『Unicode 』
အခန်း ( ၇၆ ) : မင်းလဲ ချိုတယ်။
※※※※※※※※※※※※※※※※※※※※
အရိပ်က အိပ်ရာဆီသို့ တဖြည်းဖြည်းလျှောက်လာကာ သူ့လက်ကို မြှောက်လာသည်။ခပ်မှိန်မှိန်အလင်းရောင်ထဲ၌ သူ့လက်ထဲမှာ သေနတ်ကဲ့သို့တစ်စုံတစ်ရာရှိနေမှန်းသာ ကျွန်တော် မြင်ရ၏။
အော်ခယ့်လန်ရဲ့ လူသတ်သမားက ဒီကိုရောက်လာခဲ့တာ ဖြစ်နေမလား ?
ကျွန်တော် ထိတ်လန့်နေခိုက်မှာပဲ ရန်ချင်းကျွမ်းက ရုတ်တရက် အားဆန့်ကာ ကုတင်ပေါ်မှ ကျားတစ်ကောင်လို ခုန်ထွက်လိုက်သည်။သူက အရိပ်မည်း၏လက်ကို ဆွဲယူပြီး ထိုသူ့ထံ သူကိုယ်သူ ပစ်ဝင်လိုက်၏။
သူတို့နှစ်ယောက် အမှောင်ထဲမှာ ရုန်းကန်နေကြလျှင် ကျွန်တော်က ကုတင်စွန်းတစ်ဖက်ကို လျှောက်သွားကာအော်လိုက်သည် : " မြန်မြန်လာ.... "
ကျွန်တော် နှစ်ခွန်းမျှသာအော်ရုံဖြင့် အပြင်ဘက်မှ လူအုပ်စုတစ်စုက အပြေးဝင်ရောက်လာခဲ့သည်။ အခန်းထဲရှိ မီးများကလင်းကျင်းသွားသဖြင့် ကျွန်တော်မျက်စိမမှေူကျဉ်းပဲမနေနိုင်။
ထောင်နျန်က သေနတ်ကိုကိုင်လျက် ရန်လိုစွာ ဝင်လာခဲ့သည်။ ရန်ချင်းကျွမ်းထံမှ ချုပ်၍ လက်ပြန်နှင့် မြေပေါ်မှာ မလှုပ်နိုင်အောင် ဖိခံထားရသော သူကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်မှ အမူအရာက ရင်ကွဲသည်ဟူ၍သာ ဖော်ပြနိုင်တော့၏။
" ဝေ့တာ့ကျီ ၊တကယ်ကို မင်းပါလား "
သူဟာ ဘယ်ကို ပေါက်ကွဲရမလဲမသိသလို ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေခဲ့လျက်။သူ တကယ် နားမလည်နိုင်စွာဖြင့် ဒေါသဖြစ်လျက်ဆိုသည် : " သောက်ကျိုးနည်း မင်းဝတ်ထားတဲ့ ယူနီဖောင်းနဲ့ တန်ရဲ့လား ? "
ဝေ့တာ့ကျီ၏ ခါးပေါ်မှာ ရန်ချင်းကျွမ်းက ဒူးဖြင့်ဖိထား၍ အောက်မှလှဲနေရသည်။ ထိုအချိန်တွင် သူခေါင်းထောင်မှသာထောင်နျန့်ကို မြင်နိုင်လေသည်။
" ခေါင်းဆောင်ထောင် ၊ ငါ့မှာ ရွေးစရာမရှိဘူး။ တောင်းပန်ပါတယ်...ငါတကယ်တောင်းပန်ပါတယ်... "
YOU ARE READING
အတ္တစိတ် || ဘာသာပြန် ||『Completed』
Romance" ငါ ခွေးကို ကြည့်နေခဲ့တာမဟုတ်ပါဘူး။ ငါကြည့်နေခဲ့တာက မင်း " This is Fan Translation.