Chapter - 64

3.8K 717 63
                                    

『Unicode』

အခန်း ( ၆၄ ) : ငါက ဘာလို့များ နုနယ်လာရတာလဲ....

※※※※※※※※※※※※※※※※※※※※



ကျွန်းပေါ်တုန်းက ၊ ကျွန်တော့်မှာမှတ်ဉာဏ်မရှိသောအချိန်ဖြစ်တာမို့ ဒါကိုမသိပဲ ရန်ချင်းကျွမ်းအား ချစ်ခဲ့မိသည်။ကျွန်တော်ဟာ အပြစ်ပြေရာပြေကြောင်းအသွင်ဆောင်သော အရာများစွာကို လုပ်ခဲ့သော်လည်း စင်စစ်တွင်တော့ချစ်ကျွမ်းဝင်နေ၍ဖြစ်ကာ ကျွန်တော့်နှလုံးသားထဲက ခံစားချက်များကို ဆိုင်းငံ့ခြင်းမရှိ ထုတ်ဖော်ပြသခဲ့သည်။

ပထမတုန်းက ရန်ချင်းကျွမ်းဟာ ကျွန်တော့်ကို ငြင်းဆန်ခဲ့ပြီး သူ့မစ်ရှင်ထဲ ကျွန်တော်မပါလာမချင်းအထိ သူ့ကြောင့်အထင်မှားမနေဖို့ အကြိမ်ကြိမ် သတိပေးခဲ့သေးသည်။

ထိုစဉ်က သူ ကျွန်တော့်ကြောင့် စိတ်လှုပ်ရှားခဲ့သည်ဖြစ်စေ ၊ ကြိုးတံတားသက်ရောက်မှုကြောင့် ပိုမို လွှမ်းမိုးခဲ့ရခဲ့သည်ဖြစ်စေ ၊ မဟုတ်လျှင်လဲ နှစ်ခုစလုံး ပေါင်းဆုံနေသည်ဖြစ်စေ ၊ ယခုမူ ဘယ်သူမှ မပြောနိုင်ပေ။ သူကိုယ်တိုင်ပင် မပြောနိုင်လောက်ဟု ကျွန်တော်ထင်မိ​၏။

သို့သော် အနှီရုတ်တရက်ဆန်သော စိတ်အားထက်သန်မှုက ကြာကြာမခံ။ ဒီလိုနည်းနှင့် တွေးကြည့်ရပါက ဒီရက်တွေအတွင်း သူ​၏ လျစ်လျူရှုမှုတွေဟာ ကျွန်တော် စပ်စပ်စုစုဖြစ်နေခြင်းကြောင့် အပြစ်တင်နေသည်မဟုတ်ပဲ ၊ သူ​၏ နေရာလွဲမှားနေသော ခံစားချက်တွေ ပြန်လည်ပေါ်ပေါက်လာပြီး အချစ်နှင့်ဆင်သော တစ်စုံတစ်ရာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်နိုင်သည်။ သူ တဖြည်းဖြည်းနှင့် အသိဝင်လာခဲ့ကာ ကျွန်တော်နှင့် သူ့ကိုယ်တိုင်ကို ထပ်ပြီး ကင်းအောင်နေတာပင်။

​သို့သော် များပြားလှသည့် စိတ်ပိုင်းဆိုင်ရာရောဂါတွေကဲ့သို့ပင် နလံပြန်ထူနိုင်စွမ်းက အချိန်ပေးရကာ အခွင့်အလမ်းလဲနည်းသည်။ ယင်းကို နှိုးဆွလို့မရ၊ တစ်ကြိမ် နှိုးဆွလိုက်မိသည်နှင့် အလွယ်တကူတစ်ဖန်ပြန်ဖြစ်နိုင်​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now