Chapter - 24

3.7K 608 24
                                    

『Unicode』

အခန်း ( ၂၄ ) : 《မရဏသတို့သမီး》

※※※※※※※※※※※※※※※※※※※※



ကျွန်တော် သိချင်စိတ်ဖြင့် လက်ဆန့်၍ ဆေးအိတ်ကို ယူဖို့ကြိုးစားလိုက်သော်လည်း ရန်ချင်းကျွမ်းက အရင်ရောက်သွား​၏။

လက်က ကျွန်တော့်ရှေ့မှ ဖြတ်သွားလျှင် ပုံပျက်နေသော လက်သန်းလေးက အထူးတလယ် ထင်ရှားနေခဲ့သည်။

နာလောက်မှာပဲ...

ကျွန်တော် မတ်မတ်ထိုင်လိုက်၍ ခုံထန်​၏ အကြည့်ကို လျစ်လျူရှု့ကာ ရန်ချင်းကျွမ်း​၏ အင်္ကျီလက်စကို လှမ်းဆွဲလိုက်သည်။ပြီးလျှင် ကျွန်တော့်ရင်ဘတ်ထဲသို့ ရန်ချင်းကျွမ်း​၏ လက်ကို ဆွဲသွင်းလိုက်ပြီး တင်းတင်း ကာကွယ်လိုက်ပြီးကာမှပြန် ခွေနေလိုက်​၏။

ခုံထန်​၏ ရယ်သံက ပိုကျယ်လာသော်ငြား တရိပ်ရိပ်တိုးနေသော မူးဝေခြင်းများက သူ့စကားတွေအား ပိုင်းခြားလို့မရနိုင်အောင်ဖြစ်နေခဲ့သည်။

ထိုသည်ပြီးနောက် မှတ်ဉာဏ်တွေက အနည်းငယ် မပီမသ။

" ဘယ်အချိန်...ဒီအသုတ်... လာမှာလဲ? အကြီးဆုံးသခင်လေး... က ယုံ... ငါ့ကိုပြောတယ် "

" မင်းက......ငယ်သေးတော့... ... အခွင့်အရေးရှိ..."

" အာ......"

မည်မျှကြာသွားသည်မသိ ၊ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ကူပေးလာသည်။ ကျွန်တော်သည် မကျေမနပ် ညည်းညူရင်း လက်နှစ်ဖက်အား တင်းတင်းပိုက်၍ ပွေ့ဖက်ကာ စိတ်ချလက်ချဖြစ်စေသော ခန္ဓာကိုယ်အပူချိန်မှ ခွာမသွားချင်ပေ။

" သွား.. ဝေးဝေးသွား ! " ကျွန်တော့်ကို လာချိတ်သည့်လက်များအား ခါထုတ်ပစ်လိုက်သည်။

" အိုင်းယိုး ! " တစ်ဖက်လူက နာကျင်စွာ အော်လိုက်ပြီး " ယောင်ကော ဘယ်လိုလုပ်မလဲ ? နင်ကောက ကျွန်တော့်ကို အထိမခံဘူး "

ကျွန်တော့်လက်မောင်းထဲမှာ တင်းတင်းအဆုပ်ထားခံရသော လက်မောင်းက အသာရုန်းကြည့်သော်လည်း ရုန်းမရနေပေ​။သူက ကျစ်ခနဲ့ အသံပြုလိုက်ပြီးမှ : " ထားလိုက်၊ ဒီလိုပဲထားလိုက်တော့ သိပ်လဲ မဝေးပါဘူး "

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now