Chapter - 36

3.7K 631 36
                                    

『Unicode』

အခန်း ( ၃၆ ) : ကျွန်တော်က သူ့ကို စိတ်ငြိမ်စေနိုင်မှာ မဟုတ်ဘူး။

※※※※※※※※※※※※※※※※※※※※


" လိင်ကိစ္စ " အကြောင်း ပြောကြလျှင် ကြားရသည့်အခါ လူတစ်စုက အမြဲတစေစိတ်ပြောင်း သွားတတ်ကြသည်။ ယင်းက အဆိပ်ရှိ မြွေနှင့်သားရဲလို ၊ ရွှံရေအိုင်လို ၊ နေ့ခင်းကြောင်တောင်ပြောလျှင် ချက်ချင်း ပြာအဖြစ်ပြောင်းလဲကာပျောက်ကွယ်သွားပေမည်။

ကျောင်းတွင် သင်ကြားပေးသော ကိုယ်ခန္ဓာအသိပညာမှာလည်း ဆွေးနွေးရုံမျှသာဖြစ်ကာ အသေးစိတ်ရှင်းမပြပေ။တစ်ခါတစ်ရံ၌ ပိုဇဝေဇဝါဖြစ်လေလေ ၊ လူတွေက ပို စူးစမ်းချင်လေလေ ; ပိုဆန်းကြယ်လေလေ ၊ နောက်ကွယ်ကဇာတ်လမ်းကို ပိုသိချင်လာလေလေပင်။

ကျွန်တော့်ညီမလေး မူလတန်း တတိယနှစ်တက်တုန်းက အကြောင်းအရင်းတချို့ကြောင့် ကျားနှင့်မ စူးစမ်းလေ့လာရေးမှာ ရုတ်တရက်ကြီး အတန်းထဲတွင် ခေတ်စားလာခဲ့သည်။ လူတိုင်းက ငှားလာသည့် ရိုမန့်ဝတ္တုများနှင့်ရုပ်ပြများကိုအချင်းချင်းစတင်ဖလှယ်လာပြီး ၎င်းတို့ထဲမှ မြောက်မြားစွာသော တဲ့တိုးဖော်ပြချက်များမှတဆင့် သူတို့ဟာ ကမ္ဘာအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြသည်။ ကမ္ဘာအသစ်အား ဖွင့်မိကြသည့်လူများထဲတွင် ညီမလေးလဲ တစ်ယောက်အပါအဝင်ပင်။

ထိုစဉ်က ကျွန်တော်သည် အထက်တန်း ဒုတိယနှစ်ဖြစ်ပြီး နွေရာသီအားလပ်ရက်ကလဲ စတင်ခါနီးအချိန်။

ရာသီဥတုက စတင်ပူလောင်လာကာ အိုက်စပ်စပ်ဖြစ်လာသည်။ မိုးရွာတော့မည့်နှယ် ထင်ရ၍ ကျွန်တော် ပစ္စည်းတွေကိုထုတ်ပိုးပြီး သိပ်မလေ့ကျင့်ပဲ အိမ်သို့ စောစောပြန်လာခဲ့သည်။

ကျွန်တော် လူမရှိပဲ တိတ်ဆိတ်နေသော စာသင်ခန်းကို ကြည့်မိလျက်သား။ ရန်ချင်းကျွမ်းက နေ့စဉ်ကျောင်းဆင်းတိုင်းအခန်းလွတ်မှာ အစီရင်ခံစရာ မလိုတော့။ ကျွန်တော် ဝင်ထွက်သည့်အခါ အသားမကျသလိုဖြစ်ကာ တစ်စုံတစ်ရာပျောက်ဆုံးနေကဲ့သို့ ခံစားရ​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Место, где живут истории. Откройте их для себя