Chapter - 43

3.4K 663 33
                                    

『Unicode 』

အခန်း ( ၄၃ ) : ဒီထင်ယောင်ထင်မှားကတော့ လက်တွေ့ဆန်လွန်းလှပါ​၏။

※※※※※※※※※※※※※※※※※※※※



ဉာဉ့်နက်ချိန်၌ ကျွန်တော် အပြင်ဘက်မှ လှုပ်ရှားသံတွေကိုကြားရပြီး ရန်ချင်းကျွမ်း ပြန်ရောက်လာပြီမှန်း သိလိုက်သည်။

သူ့၌ ပြန်ရောက်သည်နှင့် ရေချိုးတတ်သော အကျင့်တစ်ခုရှိ​၏။ သူ ရေချိုးခန်းထဲဝင်သွားမှန်း သေချာစေရန် ကျွန်တော်ခဏမျှစောင့်လိုက်ပြီး ၊ ထို့နောက်မှ အိပ်ခန်းတံခါးကို ဖွင့်ကာ ထွက်လာခဲ့လိုက်သည်။

အိမ်တခွင်လုံး စောင့်ကြပ်ကင်မရာများ ရှိနေခြင်းက အတော်လေး အဆင်မပြေ။ ကံကောင်းစွာနှင့်ရေချိုးခန်းထဲတွင်တော့တစ်ပိုင်းတစ်စမျှ ရှင်းလင်းသည့်နယ်မြေလေးရှိသေး​၏။ မဟုတ်ပါလျှင် ကျွန်တော်တို့နှစ်ယောက် ဘယ်လို ပြောဆိုရမလဲမသိတော့ပါချေ။

ကျွန်တော် တံခါးဖွင့်၍ ရေချိုးခန်းထဲ ဝင်လာချိန်တွင် ရန်ချင်းကျွမ်းက အင်္ကျီချွတ်နေခဲ့သည်။ လေဝင်လာသည်ကို သူခံစားမိသည့် တဒင်္ဂမှာပင် သူက ရပ်သွားကာ ကျွန်တော့်အား စူးစူးဝါးဝါးကြည့်လာခဲ့​၏။

အသားစားသားရဲကြီး​၏ ပစ်မှတ်ထားခံလိုက်ရခြင်းမှ ကြောက်စိတ်က ကျွန်တော့်ဆီရောက်လာခဲ့လျက်။ကျွန်တော် နေရာမှာတင် မလှုပ်မယှက်ဖြစ်သွားကာ နှလုံးခုန်သံများက ရင်ဘတ်မှ ခုန်ပေါက်ထွက်လာတော့မတတ်။

သို့တိုင် မကြာမီမှာပဲ ကျွန်တော်ဖြစ်နေမှန်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်နှင့် ရန်ချင်းကျွန်း​၏ တောင့်တင်းသောကြွက်သားအားများက နည်းနည်းစီ စတင်လျော့ကျသွားကာ သူ့မျက်ဝန်းထဲမှ သတ်ဖြတ်လိုခြင်းများကလဲ အမြန်ပျောက်ကွယ်သွား​၏။ သူက မျက်မှောင်ခပ်ရေးရေးကြုံ့၍ သူ့အင်္ကျီကိုချွတ်ကာ တောင့်တင်းသော အပေါ်ပိုင်းကိုယ်ကို ဖော်လိုက်သည်။ ပြီးမှ လှည့်၍ ရေချိုးခန်းထဲရှိ ရေပန်းကိုဖွင့်လိုက်​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Όπου ζουν οι ιστορίες. Ανακάλυψε τώρα