Chapter - 30

3.5K 610 13
                                    

『Unicode 』

အခန်း ( ၃၀ ) : ဘယ်လိုလုပ်ပြီး သူဖြစ်နေတာလဲ ?

※※※※※※※※※※※※※※※※※※※※




ဆာကာမိုတို ပြန်သွားသည်နှင့် ရန်ချင်းကျွမ်းနှင့် ကျွန်တော် အဆောက်အအုံနီသို့ ပြန်လာနေထိုင်ကြရသည်။ အိမ်ထဲမှာ နေ့တိုင်းနေ့တိုင်း နေစရာမလိုတော့ပဲ အပြင်ဘက် လေလတ်လတ်ဆတ်ဆတ်ကို ရှုနိုင်ပြီဖြစ်သည့်သည်။ သို့သော်အဆောက်အအုံနီ​၏ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေရှိပြီး အိပ်နေလျှင်တောင် လူတွေက ကျွန်တော့်အား စောင့်ကြည့်နေသည် ဆိုသောအချက်ကို တွေးကြည့်မိလိုက်လျှင် အားလုံးမှာ ဒုက္ခကိုယ်စီရှိကြသကဲ့သို့ ဘာမှ မျှော်လင့်နေစရာမရှိတော့ပေ။

သတိပေးခံထားရ၍လားတော့မသိ ၊ ချန်ချောင်က ကျွန်တော့်ကို ပြန်တွေ့သောအခါ သူအပြုအမူတွေက သဘာဝကျကျပင်။ ဒီရက်တွေမှာ ကျွန်တော်က အားလပ်ရက်ရပြီး ချုန်းဟိုင်ပြန်သွားခဲ့သည့်အတိုင်း မမေးအပ်တာတွေကို မေးမလာခဲ့။

ဘဝက တဆင့်ချင်းတဆင့် လမ်းပေါ်ပြန်ရောက်လာခဲ့​၏။ ရန်ချင်းကျွမ်းသည် အလုပ်ပိုများလာခဲ့ပြီး တခါတလေစောစောထွက်သွား၍ နောက်ကျမှ ပြန်လာတတ်ကာ အိပ်ဖို့ ပြန်မလာတာတောင်ရှိလာသည်။

ချန်ချောင်အဆိုအရ သူသည် ခုံထန်ထံမှ စီးပွားရေးအသစ်ကို လက်လွှဲယူလိုက်သည်နှင့် အရင်က ခုံထန် ချထားသောစည်းမျဉ်းတွေထဲမှ မြောက်မြားစွာကို ဖျက်သိမ်းပြီး လူအရေအတွက်ကိုလည်း ထိထိရောက်ရောက်ပြောင်းလဲပစ်ခဲ့သည်တဲ့။

အရင်တုန်းက သူတို့နှစ်ယောက်လုံး အကြီးဆုံးသခင်လေး​၏ ညာလက်ရုံးတွေဖြစ်ကြသော်လည်း အကြီးဆုံးသခင်လေး​၏ ယုံကြည်မှုကို ခုံထန်က ပိုရထားမှန်း သိသာပါသည်။ ယခုမူ အကြီးဆုံးသခင်လေးက ခုံထန်​၏ အမြင်ကို တစ်ပြားသားမှ အာရုံမပေးပဲ ခုံထန်ပါးစပ်ထဲက အသားကိုယူ၍ ရန်ချင်းကျွမ်းပါးစပ်ထဲ ထိုးထည့်ပေးလိုက်​၏။ ခုံထန် ပါဝါကျလေပြီလား အားလုံးက ခန့်မှန်းနေကြမည်။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now