Chapter - 65

4.5K 738 100
                                    


『Unicode』

အခန်း ( ၆၅ ) : ဘာလို့ ကျွန်တော်က လူကောင်းဖြစ်ရမှာလဲ။

※※※※※※※※※※※※※※※※※※※※



Warning / Mature Contents



ကားဂိုဒေါင်မှ ရိုလာရှပ်တာဖွင့်လိုက်သည်နှင့် ယင်းက ကလစ် ကလစ်ဟု အသံမြည်ပြီး ဒုတိယထပ်မှလဲ ကြားနိုင်​၏။

ကျွန်တော်က အိပ်ရေးဆတ်သူပေမယ့် ထိုအသံကိုကြားသောအခါ မျက်လုံးတွေပွင့်လာခဲ့သည်။

သူ သွားပြီ။

ကျွန်တော် အချိန်ကိုကြည့်မိသောအခါ မနက်ခင်း ၈နာရီသာရှိသေးသည်။

ခက်ခဲတဲ့နေ့တစ်ရက်ဖြစ်တော့မှာ သေချာပါပြီ။

မနက်စာစားပြီးနောက် ကျွန်တော် တစ်မနက်ခင်းလုံး Celloလေ့ကျင့်နေလိုက်သည်။နေ့လယ်ခင်းတွင် ဘာမှ လုပ်စရာမရှိနေ၍ ကျွန်တော် ခြံဝင်းကို စတင်သန့်ရှင်းလိုက်​၏။

အပင်သေတွေကို ဆွဲနှုတ်၍ ဘေးပစ်ချသည်။ ထောင့်စွန်းရှိ ဖုန်နှင့် အမှိုက်များကိုလှဲကျင်းပြီး ထပ်မံဖုန်သုတ်လိုက်သည်။ကျောက်စားပွဲနှင့် ခုံတန်းလျားကိုမူ ပြောင်လက်လာသည်အထိ တိုက်ချွတ်လိုက်​၏။

ရှင်းလင်းပြီးနောက် ခြံဝင်းက လူသူကင်းမဲ့နေသေးသည့်တိုင် စိတ်ဓာတ်ကျစရာပုံစံတော့ မဖြစ်တော့ပါချေ။

အမှိုက်အိတ်ကြီးကို အပြင်ဘက်ရှိ အမှိုက်ပုံးအတွင်း လွှင့်ပစ်ပြီး ၊ ခြံဝင်းကိုကျောပေး၍ အကြောဆန့်လိုက်သည်။ပြီးလျှင်စားပွဲမှာထိုင်ကာ ၊ လုပ်အား​၏ အသီးအပွင့်တွေကို ထိုင်ကြည့်နေလိုက်သည်။ နွေလေညှင်းလေးတိုက်ခတ်လာသောအခါပူလောင်ပင်ပန်းရသော်လည်း အတော်ပင် သက်တောင့်သက်သာဖြစ်ပါ​၏။

ရုတ်တရက် တံခါးအပြင်ဘက်မှ ခြံဝင်းထဲသို့ အဝါရောင်ဘောလုံးလေးတစ်လုံး လိမ့်ဝင်လာကာ ကျွန်တော့်ခြေထောက်ထံရောက်လာသည်။ကျွန်တော် တစ်ချက်ငုံ့ကြည့်၍ ကောက်ယူလိုက်​၏။

အတ္တစိတ် || ဘာသာပြန် ||『Completed』Where stories live. Discover now